Yiboရဲ့ မျက်မှောင်တွေဟာ ကြုံ့သွားကာ စိတ်ရှုပ်သွားသည်။ ဒီမိန်းမက အချိန်ကောင်းတွေဆို ရောက်လာတက်တာ တမင်ပဲ လား။ တိုက်ဆိုင်မှု့တွေလား။
"အစ်ကိုတို့ ခေါက်ဆွဲ လာစားကြတာလား"
"အင်း"
ခေါက်ဆွဲ ဆိုင်လာပြီး ခေါက်ဆွဲမစားလို့ ငါတို့က ဘာလုပ်နေရမှာလဲ။ Yiboစိတ်ထဲကနေ ကျောက်ရှင်းအာကို အားရပါးရ မေတ္တာပို့နေလိုက်သည်။
"ညီမလဲ ဒီနားမှာနေတာလေ..ဒီခေါက်ဆွဲ ကို အရမ်းကြိုက်လို့ လာစားနေကြ"
နေပါဦး။ သူသိသလောက်ကျောက်ရှင်းအာအိမ်က ဒီနားမှာမှ မဟုတ်တာ။ ဘယ်လိုဖြစ်ပြီး ဒီနားမှာနေတယ် ဖြစ်သွားရတာလဲ။
"ဟုတ်လား..အစ်ကိုလဲ အရမ်းကြိုက်တာ..တစ်ယောက်ထဲဆို အစ်ကိုတို့ဝိုင်းမှာပဲ ပေါင်းထိုင်လိုက်ပါလား"
"အဟင်း..အဆင်ပြေရဲ့လား အစ်ကိုရယ်...အားနာစရာ"
"ရပါတယ် ထိုင်ပါ"
အလိုက်ကမ်းဆိုးမသိတဲ့ မိန်းမနဲ့ အရမ်းကိုအားနာပြီးသိတက်လွန်းနေတဲ့ Crush စုတ်။
Yiboစိတ်ထဲကနေ Xiaozhan ကို ပါအားရပါးရ ကျန်ဆဲနေမိသည်။
"ဒါ အစ်ကို အခန်းဖော်သူငယ်ချင်း Wang Yiboတဲ့"
"ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်..ညီမက ကျောက်ရှင်းအာ ပါ"
"အင်း"
ကျောက်ရှင်းအာ ကလက်ကမ်းကာ နှုတ်ဆက် နေပေမယ့် Yiboက ပြန်မနှုတ်ဆက်ပဲ အင်း တစ်လုံးနဲ့ ခေါင်းသာ ညိမ့်ပြလိုက်သည်။ သူမ အနည်းငယ် ရှက်သွားသည် ထင်တယ်။ မျက်နှာက အပြုံးတို့ ပျောက်ကွယ်သွားသည်။
"အဟင်း..အစ်ကို့ သူငယ်ချင်းက အနေအေးလို့ပါ..ညီမတစ်မျိုးမထင်ပါနဲ့"
"ရပါတယ် အစ်ကို"
"ဒါနဲ့ ဟိုနေ့က ညီမသူသယ်ချင်းရော အဆင်ပြေရဲ့လား "
"သူလား..အခုတလော နေမကောင်းဘူးလေ အစ်ကိုရယ်...အခန်းဖော်လဲမရှိ တစ်ယောက်ထဲနေတာဆိုတော့ ညီမက စိတ်ပူလို့ နေ့တိုင်းလာကြည့်ပေးနေတာ"
Xiaozhan က ကျောက်ရှင်းအာနဲ့ စကားလက်ဆုံ ကျနေရင်း Yibo အရှေ့မှာ ထိုင်နေတာကိုတောင်မေ့နေတာလားမသိ။ Yiboကို ဂရုတောင်မစိုက်တော့။
YOU ARE READING
ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)
Fanfictionသေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမလား?? (သေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမလား?? )