Xiaozhan က သူ့ကို လူရှင်းသည့် နေရာကို ဆွဲခေါ်လာပြီး ထိုင်စေကာ သူ့မျက်နှာကို သေချာ ကြည့်ပြီး..
"ဘာဖြစ်လာတာလဲ... ဘာလို့ငိုနေတာလဲ ပြောပါဦး "
"Xiaozhan...Sob...ငါ ဘယ်လို လုပ်ရမလဲ..ကြောက်တယ်"
Xiaozhan က သူ့မျက်နှာကို မော့စေကာ မျက်ရည်တွေကို သုတ်ပေးပြီး..
"ဘာဖြစ်တာလဲ...ငါ့ကို ပြော..ဘာကို ကြောက်တာလဲ"
"ပါး...ပါး က Sob"
"တိတ်တော့... မငိုနဲ့တော့..မျက်လုံး တွေနီရဲနေပြီ..ငိုတာ ရပ်ပြီး ငါ့ကို သေချာ ပြောပြ"
"ဒီတစ်ခါ စာမေးပွဲ မှာ ငါ အောင်မှတ်တောင် မရဘူးတဲ့..အဲ့ဒါ ဆရာက ပါးကို ခေါ်ခိုင်းလိုက်တယ်..ပါးက အရမ်းဒေါသကြီးတာ..သူသာ သိသွားရင် ငါသေအောင်ရိုက်ခံရလိမ့်မယ်..Sob...ငါကြောက်တယ် Xiaozhan "
Xiaozhan က သူ့ဆံပင်တွေကို ဖွကာ
"အဲ့ဒါကြောင့် ငါပြောတာပေါ့..စာကို သေချာလုပ်..ဂိမ်းတွေပဲဆော့မနေနဲ့လို့"
"အီး...ဟီး..ကြောက်ပါတယ်ဆို..မင်းကပါ ငါ့ကို ဆူနေသေးတယ်"
"အသံဗြဲကြီးနဲ့ ငိုမနေနဲ့တော့..တိတ်..တိတ်..ငါ မင်းအရိုက်မခံရအောင် ဦးလေးကို ကူပြောပေးပါမယ်"
Xiaozhan က သူ့ကို ရုတ်တရက် ရင်ခွင်ထဲ ဆွဲသွင်းကာ ပွေ့ဖက်ပြီးချော့နေတာကြောင့် Yibo ကြောင်ပြီး ငြိမ်နေမိသည်။ မွှေးလိုက်တာ Xiaozhan အနံ့လေးက..။ ရင်ခွင်လေးကလဲ နွေးနေတာပဲ။ ဟော..တဒုတ်ဒုတ်နဲ့ မြည်နေတာ ဘာအသံလေးလဲ။ သြော်..Xiaozhan ရဲ့ နှလုံးခုန်သံလေးပဲ။
သိကြလား..အခုအချိန် ခံစားချက်ကလေ အရှင်လတ်လတ် နတ်ပြည်ရောက်သွားသလို ခံစားချက်ပဲ။ သိကြမှာ မဟုတ်ပါဘူးလေ။ မင်းတို့က ငါ့လို Crush ရင်ခွင်ထဲ ရောက်ဘူးကြတာမှ မဟုတ်တာ။
"Yibo...Yibo...ဘာလို့ ပြန်မပြောတာလဲ..ငါ ပြောနေတာ ကြားလား"
Xiaozhan အသံကြားတော့မှ Yibo သတိပြန်ဝင်လာသည်။
"ဟမ်..ဘာပြောလိုက်တာလဲ"
"မင်း ဒီနေ့ကစပြီး ငါနဲ့ ညတိုင်း စာလုပ်ရမယ်"
"အာ...Xiaozhan ကလဲ.. ငါ စာမလုပ်ချင်ဘူး"
"မလုပ်လို့မရဘူး..စာမလုပ်ချင်လို့ မင်းက ဘာလုပ်ချင်လို့လဲ"
YOU ARE READING
ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)
Fanfictionသေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမလား?? (သေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမလား?? )