Part- 2

13.1K 1.3K 78
                                    

ဖိနပ်စင်က ဖိနပ်ကို ယူကာ စီးပြီး ကြိုးချည်နေတဲ့ Xiaozhan ဘေးကို Yiboက သွားလိုက်သည်။

"အဟမ်း..Xiaozhan "

ကြိုးချည်နေရင်းကနေ မော့ကြည့်လာတဲ့ မျက်ဝန်းညိုလေးတွေက Yiboကို အကြိမ်ကြိမ်အခါခါ ရစ်မူးစေပါတယ်။

"ဘာပြောမလို့လဲ... အဲ့လိုပဲ ကြည့်နေတော့ မှာလား"

Xiaozhan စကားကြောင့် သူ့မျက်နှာရဲ သွားပြီး ဂုတ်ကို လက်နဲ့ ပွတ်ကာ..

"ဘယ်မှာ ကြည့်နေလို့လဲ..မင်းဘယ်သွားမလို့လဲလို့ မေးမလို့"

"ပန်းချီသွားဆွဲမလို့လေ"

"ဟို...ငါ လိုက်ခဲ့ လို့ရလား"

သူ့စကားကြောင့် Xiaozhan မျက်ဝန်းထဲမှာ အံ့သြရိပ်တွေလွှမ်းခြုံသွားသည်။

"ဘာ လိုက်လုပ်မလို့လဲ..ပန်းချီဆွဲမလို့လား"

"အာ..မဟုတ်ပါဘူး..ဟို..ငါက မင်းပန်းချီဆွဲတာ လိုက်ကြည့်ချင်လို့ "

"ထူးထူးဆန်းဆန်း ပါလား...အရင်က ငါ အာပေါက်မတက် ခေါ်ရင်တောင် မလိုက်ပဲ အခန်းထဲမှာ ဂိမ်းပဲ ထိုင် နိုပ်နေတဲ့သူက.."

"ငါ လိုက်ကြည့်ချင်လို့ပါ..မင်းပန်းချီဆွဲတာ တစ်ခါမှ မမြင်ဘူးလို့..လိုအပ်ရင် မော်ဒယ်လဲ ထိုင်ပေးမယ်လေ"

"ငါ လူပုံတွေမဆွဲပါဘူးကွ"

Xiaozhan က ရယ်ကာ ပြောတော့ Yiboက အတိတ်ကို သတိရသွားသည်။ လူပုံတွေ မဆွဲဘူးဆိုတဲ့ Xiaozhan က ဟို မြေခွေးမကို ပထမဆုံး ပုံတူ ပန်းချီဆွဲပြီး ပေးခဲ့တာ..။

"လိုက်မယ်ဆို လာလေ..ဘာရပ်လုပ်နေတာလဲ"

အပြင်ထွက်ကာ လှမ်းခေါ်နေပြီဖြစ်တဲ့ Xiaozhan က Yiboက အတွေးတွေကို ရပ်လိုက်ပြီး Xiaozhan နားသွားကာ...

"Xiaozhan "

"ဟင်.."

"တကယ်လို့ တစ်နေ့မှာ မင်းပုံတူ ပန်းချီစဆွဲမယ်လို့ စိတ်ကူးရှိရင်လေ ငါ့ပုံကို အရင်ဆွဲပေးပါလား"

Xiaozhan က Yiboစကားကြောင့် ပါးချိုင့်လေး ပေါ်တဲ့အထိ ပြုံးကာ..

"အင်း"

"ကတိနော်.. "

"ကတိ...ကတိ."

...........

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now