Unicode
မျက်လုံး နှစ်လုံးပွင့်တာနဲ့ အတွေးထဲကို ပထမဆုံးဝင်လာတာက တစ်ဖက်ခန်းက ကလေးအကြောင်းသာ..
မနေ့ညက သူနာပြု Sooက Jimin နေသိပ်မကောင်းဘူးလို့ ပြောတဲ့အသံကြားလိုက်ကတည်းက လူကဂနာမငြိမ်ချင် မနေ့ညကတည်းက ကလေးစီသွားချင်တဲ့စိတ်ကို ချုပ်တည်းထားရတာ စိတ်ပူတာရော စိုးရိမ်နေတာရောကြောင့်တော်တော်နဲ့ အိပ်မပျော်ခဲ့...
အခုနိုးတာနဲ့ သန့်ရှင်းရေးမြန်မြန်လုပ်ပြီး တစ်ဖက်ခန်းကို ထွက်ခဲ့လိုက်တော့သည်။
ခပ်ဟဟဖြစ်နေသောအခန်းတံခါးကြောင့် ဝင်မသွားသေးဘဲ အထဲကိုအသာလှမ်းကြည့်လိုက်မိတော့ ရင်းနှီးသော ပုံရိပ်တစ်ခုကို ကလေးအိပ်နေသော ကုတင်ဘေးတွင်တွေ့လိုက်ရသည်။အိပ်ရာပေါ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကလေးရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက် လက်ကလေးကို ဆုပ်ကိုင်ကာ နှုတ်ခမ်းနဲ့ထိကပ်ထားလိုက် နှင့် အလုပ်ရှုပ်နေသော ထိုသူကတော့ ကိုယ့်ကိုကျောပေးကာထိုင်နေတာကြောင့် သူရောက်နေမှန်းသတိထားမိပုံမပေါ်...
အခန်းရှေ့မှအသာ လှည့်ထွက်ခဲ့ပြီး အခန်းထဲလည်းမပြန်ချင်တာကြောင့် ဆေးရုံပန်းခြံဘက်ရှိရာသို့ လျောက်လာခဲ့တော့သည်...။
" Jungkook "
အနောက်ကနေလှမ်းခေါ်လိုက်တဲ့ အသံကြောင့် ခြေလှမ်းတို့ကို ရပ်ကာ လှည့်ကြည့်လိုက်ပြီး...
" သူနာပြု soo "
" ညနေ လူကြီးဆောင်သွားမှာလား ဒီနေ့က ဗုဒ္ဓဟူးနေ့ဆိုတော့ "
" အာ... ကျွန်တော်သွားမှာပါ "
" အဲ့တာဆိုစောစော ဆေးသွင်းရမယ်နော် "
သူနာပြုsoo နှုတ်ဆက်ပြီး ထွက်သွားတော့ ပန်းခြံဘက်ရှိရာကိုသွားမယ့် ခြေလှမ်းတွေကိုပြန်လှည့်က အခန်းထဲကိုဝင်လာခဲ့တယ် ။
" မင်း ဘယ်တွေသွားနေတာလဲ "
အခန်းထဲရောက်တော့ စီးကြိုပြီး မေးလာတဲ့ Taehyung...
" ခဏပါ ကော်ရစ်တာဘက်လမ်းထွက်လျောက်တာ... "
လက်နှစ်ဖက်ကို အကြောင်းမဲ့ပွတ်ချေကာ တောင်ကြည့်မြောက်ကြည့်လုပ်နေတဲ့ Taehyungကိုကြည့်ကာပြုံးလိုက်မိသည်။