Unicode
အခန်းထဲကနေ ထွက်လာတဲ့ ရယ်သံလွင်လွင်လေးတွေက ဆေးရုံရဲ့ ကော်ရစ်တာတစ်လျောက်မှာ ပျံ့လွင့်နေတယ်...။
မနက်နေရောင်ချည်နွေးနွေးလေးကြောင့်ရော ကုတင်ဘေးမှာထိုင်ပြီး စကားတွေပြောလိုက် သူဘာသာသဘောတွေကျပြီးရီလိုက်လုပ်နေတဲ့ ကောင်းလေးကို မြင်နေရတာ သူ့အတွက်တော့ ပျော်ရွင်စရာအချိန်လေးတစ်ခုပင်...
" ပြီးတော့လေ Hyung သိလား... သူနဲ့ပါလာတဲ့ အမကြီးသဘောကျအောင် Black coffee မှာသောက်တာလေ အဲ့ကောင်ဟာလေ သူလည်းမသောက်နိုင်ဘဲနဲ့ အကြိုက်တူရင်သဘောကျမှာဆိုပြီး... ပြီးတော့ ဘာဖြစ်သွားလဲ Hyungသိလား "
" အင်း...ဘာဖြစ်သွားလဲ "
သူ့သူငယ်ချင်း dateလုပ်တဲ့အကြောင်းကိုအာပေါင်အာရင်းသန်သန် ပြောရင်းသူကိုလှမ်းမေးတာကြောင့် အသာလေး စကားလှမ်းထောက်ပေးလိုက်တော့...
" အဲ့အမကိုငေးပြီး အများကြီးသောက်လိုက်တာ ပါးစပ်ထဲကနေ ဖူး...ဆိုပြီး ပြန်ထွက်လာပါရော ရှေ့မှာထိုင်နေတဲ့ အမကြီးမျက်ကို အကုန်သွားစင်တာ ဟိုက စိတ်ဆိုးပြီး ထပြန်ပါလေရော... "
အမူအရာပေါင်းစုံနဲ့ လုပ်ပြနေသော ကလေးကလေ သူထင်ထားတာထက်အများကြီးစကားများတာဘဲ...
" Jungkook တို့တော့အခုမှအဖော်ရတော့တယ်..."
အခန်းဝကအသံကြောင့် နှစ်ယောက်သားစကားပြောလက်စကနေရပ်ကာလှမ်းကြည့်မိသည်...။
" Soo nuna "
သူ့ထက်အရင်လှမ်းနှုတ်ဆက်လိုက်တာကတော့ သူ့ရှေ့ကအကောင်ပေါက်လေး...
ရောက်တာရက်ပိုင်းသာရှိသေးတာ ဆေးရုံကလူတော်တော်များများနဲ့ ရင်းနီးနေပြီ ဖြစ်သည်...။" Jiminieလေးကြောင့် Jungkookတစ်ယောက်မပျင်းရတော့ဘူးပေါ့... နေပါအုံးမနေ့ကမနေမကောင်းဖြစ်တာ အခန်းလျောက်လည်နေရလား "
သူ့ရဲ့ ဆေးအိတ်လေးတွေ လဲပေးရင်း Jiminကိုလှမ်းဆူနေသောသူနာပြု Soo...
" nunaကလည်း ကျွန်တော်က သန်မာတယ်လေ ခဏလေးနဲ့နေပြန်ကောင်းတာဘဲကို အခုလည်းဘာမှမဖြစ်တော့ဘူး "