Unicode
ဆေးရုံစတက်တဲ့အချိန်ကစပြီး အခု နှစ်လနီးပါးအတွင်း အခန်းတွင်းကနေအခန်းထဲကနေ အပြင်ထွက်တဲ့အချိန်ဆိုတာ ကိုယ့်အတွက် အတော့ကိုနည်းပါခဲ့တယ်...။
ဒီတစ်ခေါက်တော့ wheelchair လေးကိုအားပြုပြီး ဆေးရုံရဲ့ပန်းခြံလေးစီကိုထွက်ခဲ့လိုက်တော့သည်...။ အမှန်တော့ ပြတင်းပေါက်ကနေလှမ်းမြင်လိုက်ရတဲ့ကလေးကြောင့်သာ သူထွက်လာမိခဲ့တာ...။
ဘီးလေးကိုအသာတွန်းပြီးထွက်လာရင်း
ခုံတန်းလေးမှာ Taehyung နဲ့စကားလက်ဆုံကျကာ ရီမောနေတဲ့ကလေးအပြုံးကို ခပ်လှမ်းလှမ်းကနေ အသာရပ်ကာ ကြည့်နေမိလိုက်တယ်...။ Taehyungရဲ့ပြောစကားတွေအောက်မှာ ရွင်ရွှင်မြူးမြူးနဲ့ တက်ကြွစွာ ရီမောနေတဲ့ပုံလေးက သူ့အတွက်တော့ မြတ်နိုးဖွယ်ရာ ပန်းချီကားတစ်ချက်လိုဘဲ...စကားပြောရင်ခေါင်တစ်ချက်လှည့်လိုက်တဲ့ Taehyungက သူ့ကို မြင်သွားသည်ထင် Jiminကိုနှုတ်ဆက်ပြီး သူရှိရာဘက်ကို လျောက်လာတော့သည်...။
" နေရတာ သက်သာလား "
" အင်း အခုထိတော့အဆင်ပြေနေတုန်းဘဲ "
Taehyung က သူ့အဖြေစကားကိုကြားသည်နှင့် ခေါင်းတညိတ်ညိတ်နဲ့ ပခုံးကိုလက်နဲ့အသာပုတ်ကာ Jiminရှိရာဘက်သို့လှည့်ကြည့်လိုက်ပြီး...
" မင်းကလေးနဲ့ သွားစကားပြောလိုက်ပါအုံး ငါ dutyဝင်ရတော့မှာမို့လို့ သွားလိုက်အုံးမယ်"
" အင်း Taehyung "
ခပ်လှမ်းလှမ်းမှာထိုင်နေသော ကလေးက အခုမှသူ့ကိုမြင်ဟန်တူသည်...။
လက်ကိုဝေ့ယမ်းကာ ခေါ်နေတာကြောင့် အမြန်ပင် သွားလိုက်ရတော့သည်...။" Jungkook hyung မနက်က ကျွန်တော်လာသေးတယ် hyung အိပ်ပျော်နေလို့ "
" Jiminကအစောကြီးနိုးနေတာပေါ့ "
" အင်း အရင်ထဲကအစောကြီးထနေကြဆိုတော့ နိုးနေတာ... အဲ့တာနဲ့ ဒီပန်းခြံလေးမှာလာထိုင်ရင်း Taehyung hyungနဲ့စကားပြောနေတာ "
" Taehyung hyung?"
သူပြောတဲ့စကားကို သံယောင်လိုက်မိလိုက်တော့ ချက်ချင်းပင်....