3rd day

970 163 5
                                    

Unicode

ခန္ဓာကိုယ် တစ်လျောက်မှနာကျင်မှုကြောင့် ချက်ချင်းပင် မျက်လုံးမဖွင့်နိုင်ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်...။

"Jungkook အဆင်ပြေလား "

ကြားလိုက်ရသောအသံကြောင့် မျက်ဝန်းအစုံကိုအားယူပြီးဖွင့်ကြည့်လိုက်တော့ Taehyung...

" အင်း... အခုဘယ်နှစ်နာရီရှိပြီလဲ"

" မနက် ၁၀နာရီ...ညက မင်း "

ပြောနေရင်း မျက်နှာပျက်သွားကာ စကားတို့ရပ်သွားတာကြောင့် သူတစ်ချက်ပြုံးလိုက်ပြီး...

"အင်း မှတ်မိတယ် အရင်ကထက်နည်းနည်းပိုဆိုးလာတာလွဲလို့အဆင်ပြေပါတယ် "

ညကတစ်ညလုံး သူ့​ရောဂါရဲ့ဒါဏ်ကိုတော်တော်ခံစားခဲ့ရတာ သေရတော့မှာလားဆိုပြီးတောင် တွေ့မိနေသေးတာ...

သူကပြုံးပြုံးလေးနေနိုင်ပေမယ့် မျက်စိမျက်နှာပျက်နေသော Taehyungကြောင့် စကားကိုလွဲလိုက်ရတော့သည်...။

" ဒါနဲ့ ကလေးရော သူ့ကျန်းမာရေးအခြေအနေဘယ်လိုလဲ "

သူ့အမေးကြောင့် မျက်နှာပိုပျက်သွားသော Taehyungကြောင့် လန့်သွားမိသည်...။

" မနေ့ညက Jiminလည်း အရေးပေါ်ဖြစ်သွားတယ်... သူကအခု နှလုံးကြွက်သားရောင်ရမ်းတာပါဖြစ်နေတယ်"

မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်ကာခေါင်းငုံသွားသော Taehyung...

" ငါ...ငါ ကလေးကိုသွားကြည့်ချင်တယ် "

" Jungkook မင်းက အခြေအနေပို​ဆိုးနေတာနော် ကိုယ့်ကိုကိုယ်သာ အရင်ဂရုစိုက် နားလိုက်အုံး ပြီးမှသွားရင်သွား..."

" Taehyung..."

သူရဲ့တိုးညှင်းသောခေါ်သံနှင့်အတူ သက်ပြင်းချသံတို့က ရှေ့ဆင့်နောက်ဆင့်ပေါ်လာသည်...။

" OK... လိုက်ပို့မယ် ဒါပေမယ့် ငါလာခေါ်တဲ့အချိန်ပြန်ရမှာနော်..."

Wheelchairကိုတွန်းပေးနေသောလက်အစုံက အခန်းတစ်ခုရှေ့ရောက်တော့ရပ်သွားတော့သည်...။

" သွားပြီ "

" အင်း "

Taehyungထွက်သွားသည်နှင့် အခန်းတံခါးလေးအားအသာဖွင့်လိုက်တော့ ကုတင်ပေါ်တွင်ထိုင်ကာ အပြင်ဘက်ကိုငေးနေသော ကောင်လေးကိုတွေ့လိုက်ရသည်...။

Seven DaysWhere stories live. Discover now