Unicode
မျက်နှာသုတ်ပဝါနဲ့ မျက်နှာကိုဖွဖွ ပွတ်လိုက်ပြီး မှန်မှာပေါ်နေတဲ့ သူ့ပုံရိပ်ကိုကြည့်လိုက်မိတယ်။ လွန်ခဲ့တဲ့ လတွေနဲ့တောင်နှိုင်းယှဥ်စရာမလို မနေ့ကထက်ပင် သိသိသာသာ ချောင်ကျသွားတဲ့မျက်နှာနဲ့ မျက်ကွင်းညိုညိုတွေက အားရစရာပင်မရှိ...
လုပ်စရာအနည်းငယ်ကျန်တာကို ဒီနေ့အပြီးသတ်ဖို့ဆုံးဖြတ်လိုက်ပြီး Taehyung စီကိုဖုန်းခေါ်လိုက်တော့သည်...။
ဘေးအခန်းမှာတင် ကလေးနားရှိနေတာကြောင့် ဖုန်းခေါ်ပြီးသိပ်မကြာတဲ့အချိန်မှာဘဲရောက်ချလာတော့တယ်။
" Jungkook ဘယ်လိုနေသေးလဲ "
" ဒီလိုပါဘဲ..."
သူဖြေလိုက်ပေမယ့် ဆရာဝန်တစ်ယောက် ဖြစ်တဲ့ Taehyung ကသူ့အခြေအနေကို နားလည်နေတာဘဲမလား...
" ဒါနဲ့ ကလေးအခြေအနေရော "
သူမေးလိုက်တော့ နွမ်းလျနေတဲ့ Taehyung မျက်နှာက ပိုမှောင်ကျသွားပြီး မျက်ရည်လေးတွေဝေ့လာတယ်လို့တောင်ခံစားလိုက်ရတယ်...။
" မနက်ဖြန်မှ နှလုံးအစားမထိုးနိုင်ရင် Jimin က "
တုန်တုန်ယင်ယင်ထွက်လာသော စကားတို့ကရှေ့မဆက်နိုင်ဘဲ ငြိမ်နေတာကြောင့် ပခုံးလေးကိုအသာဖြစ်ညစ်လိုက်ပြီး...
" ငါတောင်းပန်ပါတယ် Taehyung "
" ဟင်..."
" ငါကအရမ်းတုံးတာ သိတယ်မလား တချို့ကိစ္စတွေကို မသိဘဲနဲ့ ကိုယ်ဖြစ်ချင်တာကိုဘဲ ရှေ့တန်းတင်စဥ်းစားမိခဲ့တယ်ထင်တယ် အဓိက Jimin နဲ့ပတ်သက်ပြီးတော့ပေါ့ "
" ဘာကိုပြောချင်တာလဲ jungkook "
" မင်း Jimin ကိုသဘောကျနေတာ ငါသိတယ် သိတာ သိပ်တော့မကြာသေးတော့ ငါမင်းကိုအများကြီးအားနာမိတယ် "
သူပြောသမျှကိုငြိမ်ငြိမ်လေးနားထောင်ကာ စကားသံတို့ထွက်မလာတာကြောင့် သူကဘဲ ဆက်ပြောလိုက်တယ်...။
" ဘယ်ကနေစသိသင့်တာလဲ ဟိုးအရင် ဆေးရုံနဲ့ဝေးတဲ့ ကော်ဖီဆိုင်မှာလာလာသောက်တက်တဲ့အချိန်ထဲကလား... Jiminကို အရေးပေါ်ခန်းလိုက်ပို့တော့ သူများတွေနဲ့မတူဘဲစိုးရိမ်နေတဲ့ ပုံစံတွေကိုလား... ငါ Jimin ကိုသဘောကျကြောင်းပြောတော့ တုန်လှုပ်နေခဲ့တဲ့မင်းပုံစံကိုလား "