Unicode
" Jungkook "
Taehyung ရဲ့ ခပ်မာမာအော်သံက အခန်းတွင်းမှာ ဟိန်းထွက်လာခဲ့တယ်...။
" ငါလုံးဝမတွေ့ချင်ဘူးနော် ငါ့စီမလာစေနဲ့ Taehyung "
သူ ကလေးဘဝထဲက ပစ်ထားခဲ့တဲ့အမေနဲ့ မသေခင်စကားလက်ဆုံကျဖို့ကို နားချနေတာက သူ့အတွက်တော်တော်အဆင်မပြေ... အသက်၇နှစ်လောက်ထဲကထားသွားခဲ့ပြီး ဒီအသက် ၂၇ရောက်တဲ့ထိ ကြားထဲမှ မျက်နှာချင်းဆိုင်တွေ့ခဲ့တဲ့အရေအတွက်က လက်ချိုးရေလို့ရတယ်။
တွေ့တဲ့အခေါက်တိုင်းမှာ အဆင်မပြေ ဖြစ်ခဲ့တာလည်း Taehyung အသိဘဲကို ဒီလိုအချိန်ကျမှ ထိုသူ့စီက အသနားခံရမယ့် မျက်ဝန်းတွေနဲ့လာကြည့်မှာကို လုံးဝသဘောမကျနိုင်တာတော့ အမှန်...
" မင်း ဆေးရုံတက်ထဲက တောက်လျောက် လိုအပ်တဲ့ပစ္စည်းတွေ အသုံးအဆောင်တွေ လိုလေသေးမရှိ ငါလုပ်ပေးနိုင်နေတယ်ထင်လို့လား jungkook "
" ဘယ်တုန်းကတည်းက ပြောလိုက်တာလဲ "
" မင်းဆေးရုံစတက်ထဲက "
" ဟက်... Kim Taehyung တို့ နှုတ်လုံချက်ဘဲ "
မဲ့ပြုံးလေးပြုံးလိုက်မိပြီး ဆေးရုံပြတင်းပေါက်ဘက်ကို သူကြည့်နေလိုက်တော့သည်...။
" အန်တီကအရမ်း စိတ်ပူနေပေမယ့် မင်း စိတ်ညစ်မှာစိုးလို့ သူ့မှာ မလာရဲဘူး "
" စိတ်ပူတယ်...? သေခါနီးမှလား "
" မင်းတို့သားအမိနဲ့တော့ ခက်တော့တာဘဲကွာ... ခဏနေကျရင်လာလိမ့်မယ် မင်းတွေ့ချင်ရင် တံခါးသာဖွင့်ပေးလိုက် "
မျက်မှောင်ကြုံကာ ဆံပင်တို့ကိုထိုးဖွပြီး အခန်းပြင်သို့ထွက်သွားသော Taehyung တစ်ယောက် သူတို့သားအမိကြားမှာတော်တော်ကိုစိတ်ရှုပ်နေဟန်...
တဖန်ပြန်ပြီးတိတ်ဆိတ်သွားတဲ့အခန်းလေးထဲမှာ ငြိမ်ငြိမ်သက်သက်လေးထိုင်နေကာ အတွေးတို့က လွန်ခဲ့တဲ့ နှစ်တွေစီကိုရောက်သွားတော့တယ်...။
ခပ်တိုးတိုး တံခါးခေါက်သံနဲ့ အတူ ဝင်လာတဲ့အရိပ်လေးကြောင့် စိတ်ညစ်စရာ အတွေးတွေ အကုန်လုံးက မြူမှုန်တစ်မှုန်တောင်မကျန် ပျောက်ကွယ်သွားတော့တယ်...။