(Unicoad)
ငှက်ကလေးတွေရဲ့ တကျီကျီအော်သံလေးတွေရယ်.....
မနက်မိုးလင်းနေရောင်ခြည်မှ
ထွက်ပေါ်လာတဲ့ အလင်းရောင် မဖျော့တဖျော့လေးရယ်...
ပြတင်းပေါက်ငယ်လေးမှတိုး၀င်လာသော လေအေးအေးလေးရယ်....
ထိုလေ လေးတွေဟာေတာ့အခန်းထဲမှ အိပ်နေတဲ့ကောင်လေး ၂ ယောက်ကို ကျီစယ်လွန်းနေသည်....။ပုံမှန်ထက် အနည်းငယ်ပိုအေးနေတဲ့ လေတွေဟာ မျက်နှာထက်ပေါ်ရိုက်ခတ်မှုကြောင့် Jungkook ဆက်မအိပ်တော့ပဲထမို့လုပ်လိုက်ချိန်တွင်....
ရင်ခွင်ထဲကအကောင်ပေါက်လေးက လှုပ်စိစိလေးဖြစ်လာတော့တယ်...။
ဟုတ်သား..ညက သူတို့ တူတူအိပ်ခဲ့ကြတာပဲ...။ ထိုချိန် ရင်ခွင်ထဲကအကောင်ပေါက်လေးက...
*ပြွတ်*
"Morning kiss နော် ဦး"
အာ ဒီကောင်လေး လူကို လာသတ်နေတာပဲ...
*ပြွတ်*
"Morning kiss ပါဗျ"သူပြန်နမ်းလိုက်တော့ မျက်နှာလေး ရဲရဲလေးနဲ့ပြန်ပြုံးပြပြီး....
"ဟို ဦး မျက်နှာသွားသစ်တော့လေကွာ..."
"အင်း~~တူတူသွားမယ်"ဆိုကာ အကောင်ပေါက်လေးကို ချီသွားလိုက်တော့ ပေါ့ပါးလွန်းလှတဲ့ ခန္ဓာကိုယ်လေးလေးဟာ အလိုက်သင့်လေးပါလာတော့သည်..။
-------------------------------------
ထမင်းစားပွဲပေါ်တွင်ရှိနေသော ပန်းကန်တွေထဲမှ အငွေ့တထောင်းထောင်းနဲ့ စားချင်ဖွယ်ရာ အတိ....။ဒါတွေအကုန်ဟာ သူ၏နှစ်ယောက်မရှိတဲ့ ဦး ဆိုသောလူချက်ထားတာပင်...။
ကိုယ့်ကို ချက်ပေးမယ် ပြောသော်လည်းမရ ချက်ကျွေးချင်လို့တဲ့လေ အဲ့တာနဲ့ချက်ကျွေးစေ လို့ပြောတော့ apron လေး၀တ်ကာ ချက်နေတော့တယ်...။တကယ်ပါ ဒီလူသားကို ပိုင်ဆိုင်ရတာ ကျွန်တော့်အတွက် ဆုလာဘ် တစ်ခုပင်။ခနကြာတော့ ရပြီဆိုသောအသံနှင့်အတူ ဟင်းပွဲတွေရဲ့ အနံ့တွေဟာ ထမင်းစားခန်းလေးထဲမှ မွှေးကြိုင်လို့...။
"အာ မွှေးနေရောပဲ ဦးရယ်"
"ရော့ ခလေး မြည့်ကြည့်"ဆိုကာ ပန်းကန်လေးထဲထိ အသေအချာထည့်ပြီး ဂရုတစိုက်လုပ်ပေးနေသော သူ့ဦးရယ်ပါ...။
YOU ARE READING
🅨︎🅞︎🅤︎ 🅐︎🅡︎🅔︎ 🅜︎🅨︎ 🅑︎🅐︎🅑︎🅨︎
Fanfictionကျွန်တော့်ခံစားချက်တွေကိုနားထောင်ပေးမယ့် လူတစ်ယောက်လိုနေတယ် ဉီးကိုလိုနေတယ်ဆိုပိုမှန်မယ် Kim Taeyung ချစ်တဲ့အကြောင်းတွေပြောတာတော့မကြားနိုင်ပေမယ့် ကလေးအတွက်ပဲဖြစ်တည်နေတဲ့ ရင်ခုန်သံစည်းချက်တွေကိုကြားနိုင်မယ်မလား Jeon Jungkook ကျွန်တော့်ခံစားချက်တွေက...