(Unicoad)
အလင်းရောင်လုံး၀မရှိတဲ့လမ်းမကြီးထက်၀ယ်....
ကောင်လေးတစ်ယောက် ဖိနပ်မပါဘဲ အဲ့လမ်းမကြီးထက်မှာ သူရဲ့ကောင်လေးကိုလိုက်ရှာနေမိတယ်....
ဖိနပ်မပါဘဲပြေးနေတော့ ပေါက်ပြဲေနပြီဖြစ်တဲ့ခြေထောက်ကိုတောင် လျစ်လျူရှုပြီး သူဆက်ရှာနေမိတယ် ဒါမယ့် အချည်းနှီးသာ။
ရုတ်တရက်ရွာချလိုက်တဲ့မိုးရေတွေကြောင့် ရှေ့မှမြင်ကွင်းများဟာ ဝေဝါးကုန်တယ်...သူရှာနေတာကို လက်လျှော့လိုက်ရတော့မလား?
မဖြစ်ဖူး သူချစ်ရတဲ့ သူ့ရဲ့ ခလေး ကိုမတွေ့တွေ့အောင်ရှာရမယ်...။ဘယ်မှာများလဲ ဦးရဲ့ခလေးငယ်ရယ်...။
မျက်ရည်တွေဟာလည်း မိုးရေတွေနဲ့အတူ ကျဆင်းလာခဲ့တယ်။"ခလေးရယ် ဘယ်မှာလဲကွာ"
မိုးရွာလို့ အစကထက်ပိုပြီး မှောင်မဲနေတဲ့လမ်းမကြီးမှာ သူတစ်ယောက်ထဲဖြစ်တဲ့တွက် သူ့ရဲ့ငိုသံ၊ရှိုက်သံ၊အော်ဟစ်သံတွေဟာ ဆူညံနေသော်လည်း မည်သူမျှကြားမည်မဟုတ်သာကို သူသိသည်။
အဲ့ထဲမှာကော သူ့ခလေးငယ် ပါ၀င်နေမလား..?ထိုအချိန်သူ့ရဲ့မျက်လုံးတွေ ကျိန်းသွားတဲ့ထိပေါ်လာတဲ့ အလင်းတန်း...
ထိုအလင်းတန်းမှ ထွက်ပေါ်လာတဲ့
ထယ်ယောင်း တစ်နည်းအားဖြင့် သူ့ရဲ့ခလေးငယ်....
သူခလေးကိုတွေ့တော့ ၀မ်းသာသွားပြီး ခလေးဆီကို အပြေးသွားချင်တဲ့စိတ်ရှိနေပေမယ့် သူ့ခြေထောက်ကတော့ တုတ်တုတ်မျှမျှ မရွေ့....ထိုအချိန် သူ့ရဲ့ ရှေ့သို့ တဖြည်းဖြည်း ခလေး ဟာ ရှောက်ရှိခဲ့တော့တယ်..
ဒါမယ့် ခလေးရဲ့မျက်နှာမှာတော့ မျက်ရည်များဟာ ရွှဲလို့..."ခလေး ဘာ..ဘာလို့ ငို..ငိုနေရတာလဲကွာ?"
သူအလျင်အမြန်ပဲမေးနေမိတယ်..
သို့သော် ဘာဖြေကြားချက်မျှ မရ..
သူ့ရင်တွေပူလောင်နေပီ...
ထို့နောက် ခလေးရဲ့ လက်လေးဟာ သူ့ပါးပြင်ပေါ်ကို ရောက်လာပြီး ဖွဖွလေးကိုင်ကာ
နှုတ်ခမ်းဖျားလေးမှ..."ဦး...ဦး ကိုထယ်နှုတ်ဆက်ခဲ့ပါတယ်နော် ထယ်တို့တွေ့ဆုံမှုဒီလောက်ပဲထင်ပါတယ်...
အရမ်းချစ်တယ် ဦး!"တဖန်အလင်းတန်းများဟာပေါ်လာပြီး ထိုအလင်းတန်းနှင့်အတူ ခလေးငယ် ဟာပျောက်ကွယ်သွားတော့တယ်...
YOU ARE READING
🅨︎🅞︎🅤︎ 🅐︎🅡︎🅔︎ 🅜︎🅨︎ 🅑︎🅐︎🅑︎🅨︎
Fanfictionကျွန်တော့်ခံစားချက်တွေကိုနားထောင်ပေးမယ့် လူတစ်ယောက်လိုနေတယ် ဉီးကိုလိုနေတယ်ဆိုပိုမှန်မယ် Kim Taeyung ချစ်တဲ့အကြောင်းတွေပြောတာတော့မကြားနိုင်ပေမယ့် ကလေးအတွက်ပဲဖြစ်တည်နေတဲ့ ရင်ခုန်သံစည်းချက်တွေကိုကြားနိုင်မယ်မလား Jeon Jungkook ကျွန်တော့်ခံစားချက်တွေက...