(Unicoad)
ညအမှောင်ဟာ သူများအိမ်ေတွအတွက်တော့အေးချမ်းလှပေမယ့် Taehyung ရဲ့အိမ်လေးမှာတော့အေးချမ်းမှုရှိမနေခဲ့ဘူး....
"Kim Taeyung မင်းကိုငါပြောနေတယ်လေ ပိုက်ဆံပေးလို့ မင်းကမကြားတာလား ဟမ်"
သူတို့နေတဲ့အိမ်တွင်တော့ Taehyung ၏မိထွေးအသံဟာ ဆူညံနေတော့တာပေါ့ Taehyung ကတော့ကြောက်လွန်းလို့ အသံတောင်မထွက်နိုင်တော့ဘူးပေါ့
"ဟဲ့ အကောင် ဘာလဲ နင်ကအနေတာလား ဟမ် ငါနင့်ကို ထပ်ရိုက်ရမလား ပြောစမ်း နင်အသံမထွက်လာမချင်း ငါရိုက်လို့ရတယ်နော် ဘာထင်နေလဲ ဟမ်ငါ့ကို"
"ဟို အ အမေ ကျ ကျွန်တော့်ကို ထပ်မရိုက်ပါနဲ့တော့ တောင်း တောင်းပန်ပါတယ်"လက်လေးနှစ်ဖက်ကို ပူးပြီး မီးပွင့်မတက် လက်ကို ပွတ်တက်နေကာ တောင်းပန်နေတဲ့ tae...
"အဲ့တာဆိုရင် မင်း ငါ့ကို ပိုက်ဆံထပ်ပေးလေ မင်းပိုက်ဆံမပေးရင်တော့ မင်းကိုငါထပ်ပြီးရိုက်ရလိမ့်မယ် Kim Taeyung"
လေသံမာမာနဲ့အော်လိုက်တော့ ခန္ဓာကိုယ်လေး တုံတက်သွားတဲ့ Taehyung
"အမေ ကျွန်တော် အမေ့ကို ဟိုနေ့ကပဲပေးလိုက်တာလေ ကျွန်တော့်မှာမရှိတော့ဘူး အဲ့နေ့ကရတဲ့ပိုက်ဆံအကုန်လုံးကို အမေ့ကိုအကုန်ပေးလိုက်တာပါ"အရဲစွန်ပီးတော့ ကျွန်တော်အမှန်ကိုပြောပြလိုက်တော့ ကျွန်တော့်ပါးပေါ်ကို ရောက်လာတဲ့သူမရဲ့ လက်ဝါး
"ဖြန်း.....နင်ကငါ့ကိုပြန်ပြီးခံပြောတယ်ပေါ့လေ ဟုတ်လား မလောက်လေးမလောက်စားကများ ပြီးတော့ မင်းမှာ ပိုက်ဆံရှိတာမရှိတာကို ငါစိတ်မ၀င်စားဘူး အခု ငါလိုချင်တဲ့ပိုက်ဆံကိုမြန်"ပေး ငါ့ပွဲချိန် နီးနေပီ မင်းမပေးရင်တော့ မင်းရဲ့ပါးကို ငါထပ်ရိုက်ရလိမ့်မယ်"
"ဒါမယ့် အမေရယ် ကျွန်တော့်မှာမှ မရှိတာ အမေ့ကို ကျွန်တော် ဘယ်ကနေပေးရမှာလဲဗျာ ကျွန်တော့်မှာတကယ်မရှိလို့ပါ ဝောာင်းပန်ပါတယ် ကျွန်တော်မပေးလို့ အမေကကျွန်တော့်ကို ရိုက်ရမှကျေနပ်မယ် ဆိုလည်းရိုက်လိုက်ပါတော့"မျက်ရည်တွေအဆက်မပြတ်ကျနေရင်းကနေကျွန်တော် ပြောလိုက်တယ်

YOU ARE READING
🅨︎🅞︎🅤︎ 🅐︎🅡︎🅔︎ 🅜︎🅨︎ 🅑︎🅐︎🅑︎🅨︎
Fanfictionကျွန်တော့်ခံစားချက်တွေကိုနားထောင်ပေးမယ့် လူတစ်ယောက်လိုနေတယ် ဉီးကိုလိုနေတယ်ဆိုပိုမှန်မယ် Kim Taeyung ချစ်တဲ့အကြောင်းတွေပြောတာတော့မကြားနိုင်ပေမယ့် ကလေးအတွက်ပဲဖြစ်တည်နေတဲ့ ရင်ခုန်သံစည်းချက်တွေကိုကြားနိုင်မယ်မလား Jeon Jungkook ကျွန်တော့်ခံစားချက်တွေက...