(Unicoad)
Air-Con ဖွင့်ထားတာကြောင့်အေးစက်နေတဲ့ အခန်းရှိ စားပွဲပေါ်တွင် File နှင့် Laptop ကြား ခေါင်းတောင်မဖော်နိုင်ပဲ အလုပ်ရှုပ်နေတဲ့လူ။ Laptop ပေါ်တွင် ပြေးလွှားနေတဲ့လက်ချောင်းတွေ၊အကြောစိမ်းတွေကြောင့် ပိုပြီး ယောင်္ကျားဆန်နေကြောင်းပြသနေတော့တယ်။
*ဂလောက်*
တံခါးဖွင့်သံကြောင့် သူခေါင်းထောင်ကြည့်လိုက်တော့ 𝐍𝐚𝐦𝐣𝐨𝐨𝐧 𝐇𝐲𝐠 ဖြစ်နေတာကြောင့် ပြန်ပြီး အလုပ်လုပ်မို့ပြင်လိုက်ချိန်..
"𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 ငါတိုင်ပင်စရာရှိလို့"
"အင်း"
"မင်းအဲ့ဟာတွေခနထားပါ ငါပြောမယ့်ဟာ အရေးကြီးတယ်"
"ဟုတ် ခဏ ခဏ ကျွန်တော်လက်စသတ်လိုက်အုန်းမယ်"
"အေး မြန်မြန်သတ်"
15 𝐦𝐢𝐧𝐬 𝐥𝐚𝐭𝐞𝐫...
"ကဲ ပြီးပြီ ဘာလဲ?"
"ဟီး 𝐊𝐨𝐨𝐤𝐢𝐞 ငါလေ.."
"ဘာများ ကူညီပေးရမလဲ?"
ဟုတ်ပါတယ် 𝐇𝐲𝐠 ကအကူညီလိုမှသာ 𝐊𝐨𝐨𝐤𝐢𝐞 ဆိုပြီးခေါ်လေ့ရှိတာပါ..။
"ဟီး ငါ..ငါ 𝐉𝐢𝐧 𝐇𝐲𝐠 ကိုလေ လက်ထက်ခွင့်တောင်းမို့"
"ဘယ်လို!!!"
"ဖြည်းဖြည်းအော်ပါကွာ ငါအတည်ပြောနေတာ 𝐇𝐲𝐠 ကိုငါစတွေ့ကတည်းက တစ်သက်လုံးစာ
အတွက်ချစ်ခဲ့တာ 𝐇𝐲𝐠 နဲ့ရည်းစားစဖြစ်ကတည်းက သူ့ကိုပဲတစ်ဘ၀လုံးထိကိုရည်ရွယ်ထားတာ ငါသူ့ကို ချစ်လွန်းလို့ ငါ့အပိုင်ဖြစ်အောင် လက်ထက်ခွင့်တောင်းမယ် အဲ့တာ...မင်းငါ့ကို ကူညီပါနော် ပြီးတော့ ထယ်လေးကိုလည်း ကူညီဖို့ပြောပေးပါနော်""အင်းပါ ကျွန်တော်တို့ အဆုံးထိကိုကူညီမှာ ဒါနဲ့ 𝐉𝐢𝐧 𝐇𝐲𝐠 ကကော??"
"ငါသိနေတယ် 𝐇𝐲𝐠 ကငါ့ကိုလက်ခံမယ်ဆိုတာ တစ်ထစ်ချကိုယုံကြည်တယ် ဘာလို့ဆို 𝐇𝐲𝐠 တစ်ခါငါ့ကိုပြောဖူးတယ် တစ်ချိန်ကျ 𝐇𝐲𝐠 တို့နှစ်ယောက်တူတူနေကြမယ်တဲ့"
"အမလေးနော် ဟုတ်ပါပြီ အိမ်ရောက်ရင် ကျွန်တော့်ခလေးကိုပြောလိုက်မယ် ပြီးရင် ကျွန်တော်တို့တူတူ စီစဉ်ကြမယ်လေနော်"
YOU ARE READING
🅨︎🅞︎🅤︎ 🅐︎🅡︎🅔︎ 🅜︎🅨︎ 🅑︎🅐︎🅑︎🅨︎
Fanfictionကျွန်တော့်ခံစားချက်တွေကိုနားထောင်ပေးမယ့် လူတစ်ယောက်လိုနေတယ် ဉီးကိုလိုနေတယ်ဆိုပိုမှန်မယ် Kim Taeyung ချစ်တဲ့အကြောင်းတွေပြောတာတော့မကြားနိုင်ပေမယ့် ကလေးအတွက်ပဲဖြစ်တည်နေတဲ့ ရင်ခုန်သံစည်းချက်တွေကိုကြားနိုင်မယ်မလား Jeon Jungkook ကျွန်တော့်ခံစားချက်တွေက...