(Unicoad)
At the morning ☀️
Taehyung တစ်ယောက်နိုးတော့ ကုတင်ပေါ်ရောက်နေတာကိုသတိထားမိပါတယ်
"အာ့ဆို ညကအဲ့လူကြီးငါ့ကို ချီပြီး အခန်းထဲပို့ပေးတာပေါ့?ထားပါတော့ အခုသူနဲ့ Namjoon hyg အတွက်မနက်စာ လုပ်ပေးလိုက်အုန်းမယ်"ဆိုကာ တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ပြီး မီးဖိုချောင်ထဲသို့ Taehyung ၀င်သွားကာ မနက်စာအချို့ကိုစားဖို့ ပြင်ဆင်ပေးနေလိုက်တော့တယ်....
-----------------------
Jungkook တစ်ယောက်အိပ်ရာကနိုးတော့ သူ့ရဲ့ ခလေး အခန်းထဲ၀င်ကြည့်လိုက်တော့.."ဟမ်?ခလေးရေ...."သူခေါ်ကြည့်ပါတယ် ဒါမယ့်ဘာအသံမှမကြား.....
ဒီလိုနဲ့သူ အိမ်အောက်ကိုဆင်းပြီးကြည့်လိုက်တော့ မီးဖိုးခန်းထဲတွင် apron လေး၀တ်ကာ ဟင်းချက်နေတဲ့သူရဲ့ အနာဂတ်ခင်ပွန်းလောင်းလေး.....
သူတွေးနေတဲ့အချိန်......."Yahhh!!!!မင်းငမ်းတာလည်းကြည့်ငမ်းအုန်း မျက်လုံးကြီးကျွတ်ကျနေမယ်" Namjoon hyg အော်သံကြောင့် တွေးနေတာတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်.....
"Hyg ကလည်းဗျာ ကိုယ့်ကို ငမ်းတာပဲ ဘာဖြစ်လဲ"
"မင်းငါ့ပြန်ေပြာမနေနဲ့ တကယ်....."
"အာ hyg နဲ့ ခင်ဗျားကြီးနဲ့နိုးလာပြီလား ကျွန်တော် မနက်စာလုပ်ထားတယ် လာစားလေ"
"အော် အင်း"ဆိုကာ Namjoon ကတော့ ထမင်းစားဝိုင်းသို့၀င်သွားလေတယ်....
ဝိုင်းကိုမရောက်သေးတာကတော့ Jungkook"ဟေ့ရောက် Jungkook လာလေ ဘာလုပ်နေတာလဲ"
"လာပါပြီဆိုနေဗျာ...."ဆိုပြီးတော့ သူ့ခလေးရှေ့မှာ ၀င်ထိုင်လိုက်တယ်.....
သူတို့မနက်စာစားနေတဲ့အချိန်တစ်လျှောက်လုံး စကားပြောသံဟာတစ်ခွန်းမှရှိမနေခဲ့ ဒါမယ့် ထိုထမင်းစားခန်းရဲ့ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူမှာတော့ Namjoon ပင်....
"Jungkook မင်းမျက်နှာကဘာဖြစ်နေတာလဲ"
"......"
"ဘာလဲ ထယ် ချက်ထားပေးတာ စားမကောင်းလို့လား?"
Tae ကတော့ Jungkook ရဲ့အဖြေကို နားထောင်နေတယ်....
"ကောင်းပါတယ်ဗျာ...ကျွန်တော်စားဖူးသမျှထဲမှာ ခလေးလက်ရာ အကောင်းဆုံးပဲ"
YOU ARE READING
🅨︎🅞︎🅤︎ 🅐︎🅡︎🅔︎ 🅜︎🅨︎ 🅑︎🅐︎🅑︎🅨︎
Fanfictionကျွန်တော့်ခံစားချက်တွေကိုနားထောင်ပေးမယ့် လူတစ်ယောက်လိုနေတယ် ဉီးကိုလိုနေတယ်ဆိုပိုမှန်မယ် Kim Taeyung ချစ်တဲ့အကြောင်းတွေပြောတာတော့မကြားနိုင်ပေမယ့် ကလေးအတွက်ပဲဖြစ်တည်နေတဲ့ ရင်ခုန်သံစည်းချက်တွေကိုကြားနိုင်မယ်မလား Jeon Jungkook ကျွန်တော့်ခံစားချက်တွေက...