part 8( Unicode+ Zawgyi)

1.6K 160 10
                                    

Unicode

"အ!!နာတယ် ဖြည်းဖြည်းလုပ်ဟ"
"နာလည်းထည့်ရမှာပဲ ဒီလောက်သွေးတွေထွက်နေတာကို"
"အ!!"
"ဒီလောက်နာနေရင်လည်းဘာလို့ ကမြင်းကြောထပီးသွားတန်းစီသေးလဲ အခုတော့အေးတာပဲ မျက်နှာတင်မကဘူး ခြေတွေလက်တွေပါပွန်းရာပဲ့ရာတွေနဲ့"

‌အာမီတယောက်ကတော့ ဆေးထည့်ပေးရင်းပွစိပွစိတွေပြောနေပြန်ပါပီ တခါတလေဆိုရင်ကိုယ်ကအကြီးလားသူကအကြီးလားဆိုပီး အချောလေးဂျင်ပြန်စဉ်းစားရတာအလုပ်တလုပ်

"အ!!"
"ငြိမ်ငြိမ်နေ"

အဲဒီအာမီ ငါ့ကိုဆေးထည့်နေတာလား နှိပ်စက်နေတာလားမသဲကွဲတော့ဘူး တကယ်ပဲ အနာပေါ်ကိုအရက်ပြန်တွေအတင်းလောင်းချနေမှတော့ ဘယ်သူကမနာပဲရှိမလဲ

"တော်ပီ မထည့်တော့ဘူး သွားတော့"
"သွားမှာပါ သိလား နှင်ထုတ်စရာမလိုဘူး"
"သွားသွား ပြန်၀င်မလာနဲ့"
"သွားမယ် သွာမယ်"

အာမီထွက်သွားတော့မှနားပူသက်သာတော့တယ် ဒီကအချောလေးဂျင်က ကိုယ့်ကိုနားပူအောင်အောင်လုပ်ရင်တော့နဲနဲလေးမှသည်းမခံနိုင်တာမျိုး အဲဒီလိုတွေတရားမျှတတဲ့အချောလေးဂျင်ပါ
..................................................................................
"ဟေ့ရောင် ဂျန်းကုကီး ငါတို့ဘလိုလုပ်ကြမလဲ"
"ဟင် ဘာကိုလဲ"

ဒီကောင်ကလဲကွာ တကယ်ပဲတုံးကိုတုံးလွန်းတယ်

"မင်းခွက်နဲ့ ငါ့ခွက်ကိစ္စ"
"ဟင် သူတို့နှစ်ယောက်ကတွဲနေတာလား မင်းပြောတော့ညီအကိုဆို"
"အမလေး ဖွဟဲ့လွဲပါစေဖယ်ပါစေ ဂျန်းကုကီးမင်းကတော့လေ သူတို့ကညီအကိုအရင်းတွေကွမိုးကြိုးတွေပစ်ကုန်တော့မှာပဲ ငါပြောတာက မင်းနဲ့ငါ သူတို့ကိုဘလိုလိုက်မလဲလို့"
"မသိဘူးလေ မင်းကရှင်းရှင်းမှမပြောတာ"

အဲဒီဂျန်းကုကီးကလေ အခြားနေရာတွေမှာသာတော်ရင်တော်မယ် ဒီအချစ်ရေးမှာ ဒူချက်ကတော့ သူငယ်တန်းမဟုတ်သေးဘူး KGအဆင့်ပဲရှိဦးမယ်

"ငါတို့သူတို့ကိုလိုက်ဖို့ သူတို့ညီမကမ်အာမီနဲ့တော့ ပေါင်းဖို့လိုမယ်ကွ"
"ဟိုအာပြဲစိန်လား"
"ဟေ့ကောင် အဲတာမင်းခယ်မလောင်းလေးနော်"
"အေးပါကွာ ပြောစမ်းပါဦးမင်းအစီအစဉ်"

❣️To close to you❣️Where stories live. Discover now