part 17 (Unicode+ Zawgyi)

1.4K 137 11
                                    

Unicode

*Cheer!!!!!!!*

အားလုံးကိုယ်စီဖန်ခွက်တွေကိုမြောက်လိုက်ပီး အသံပြဲကြီးတွေနဲ့ပြိုင်တူအော်လိုက်ကြပါတယ်.. ဒီနေ့ကတော့ အမောင်ဂျန်းကု‌ကီးလေးက ပေးဖို့လက်ခံလိုက်တဲ့နေမို့ဂုဏ်ပြုနေကြတာပါ.. ဘာမှမဆိုင်ဘူးလို့မပြောပါနဲ့.. အဲဒီအချေတော်မင်ကလည်းသိပ်တိုက်ချင်တာမဟုတ်ဘူး.. မနဲပြောထားတာ အခုပဲကြည့်တီကောင်ဆားပက်ထားတဲ့ရုပ်နဲ့..

"ဟဲ့ အာမီ colaပဲသောက်လေ"
"အကိုဂျင်ကလည်း အာမီလည်းသောက်ချင်တယ်လို့"
"မရဘူး colaပဲသောက်"

နောက်ဆုံးတော့လည်း အာမီနဲ့ထယ်ထယ်လေး colaနဲ့ညားရပါတော့တယ်.. အမောင်ထယ်ထယ်ကတော့ အရင်ကတည်းက ကော့တေးသာစပ်ရတာသာကြိုက်တာ alcoholပါတာဆိုရင် ဆိုဂျူ မက်ဂျူမပြောနဲ့ အရက်ပြန်တောင်မကြိုက်တဲ့သူပါ... စနေတာတကယ်မဟုတ်ဘူး... အဲတာကြောင့်အမောင်မျောက်တကောင်ကတော့ colaနဲ့ပဲအရင်ကတည်းကညားနေခဲ့တာပါ.. အမောင်ပတ်ဂျီမင်လေးကတော့အလိုလိုဒုတိယလူဖြစ်သွားတာပေါ့လေ.. ဒါပေမဲ့ဒီကအာမီလေးကတော့ သောက်နိုင်ချက်က 9+ပါ.. တခါတလေအကိုတွေသောက်နိုင်တာထက်ကိုပိုသောက်နိုင်ပါသေးတယ်.  အဲတာကြောင့်အကိုဂျင်ကပြောတာလေ 'နင်အဲတာကြောင့်rsမရတာ တခြားသူတွေဆိုနူးနူးညံ့ညံ့လေး စာလုပ်နေတဲ့အချိန်ဆို နင်က အာပြဲကြီးနဲ့7အိမ်ကြား8အိမ်ကြားအော်ကျက်နေပီ တွေကယောက်ျားလေးတွေနဲ့တွေ့လို့ရှက်သွေးဖြာနေတဲ့အချိန် နင်ကယောက်ျားလေးတွေခေါင်းကို ဖတ်ခနဲ ဖတ်ခနဲရိုက်နေပီ သူများတွေ စာကြည့်တိုက်မှာစာအုပ်မမှီလို့ကောင်လေးတွေကယူပေးရင်းroနေတဲ့အချိန် နင်က စာအုပ်စင်ကိုတွယ်တက်ပီးမရမကယူနေပီ ဒီလိုပုံနဲ့များနင်ဒီတသက် faဘ၀ကျွတ်ဖို့လမ်းမမြင်ပါဘူး'
အကိုဂျင်ပြောတာတွေအကုန်အမှန်တွေကြည့်ပါပဲ.. ဒါပေမဲ့ဒီကအာမီကလည်းဘယ်တုန်းကယောက်ျားယူမယ်ပြောမိလို့လား.. အကိုတွေကိုအရင်ယောက်ျားပေးစားမှာ..

"ထပ်ထည့်ပေး အေ့"
"အကိုဂျင် မူးနေပီထင်တယ်"
"မမူး အေ့ သေးဘူး အေ့"

မမူးသေးဘူးသာပြောတာ အချောလေးဂျင်ခေါင်းထဲမှာချာချာတွေလည်နေပါပီနော်..

❣️To close to you❣️Where stories live. Discover now