Part 24 (Unicode+ Zawgyi)

1.2K 104 11
                                    

Unicode

"အား!!! ဂျောင်ဟိုဆော့..... ဂျောင်ဟိုဆော့ မင်းကိုငါသတ်မိတော့မယ်"

အချောကြီးဂျင်တယောက်ဂျန်းကုလေးနဲ့သွားချိန်းတွေ့နေတုန်းအခန်းထဲမှာတယောက်ထဲပေါက်ကွဲနေတဲ့ ကြောင်ပေါက်လေးရယ်ပါ....

"အရူးဟိုဆော့... သူပဲငါ့နောက်ကိုအရင်ကတကောက်ကောက်လိုက်နေပီး... အခုကျအဖတ်တောင်မလုပ်တော့ဘူး.. အာား!! ငါဘာလို့သူ့‌အကြောင်းစဉ်းစားနေတာလဲ.. ခွေးကောင်ကြီး... သူ့ကြောင့်ငါ့ရဲ့တန်ဖိုးရှိတဲ့အိပ်ချိန်လေးတွေကုန်ပီ.. အဟင့် ငါ့ဘာသာနေနေတာကို သူပဲအရင်လာကလိပီးအခုတော့ပစ်သွားပီ.. စားပီးနားမလည် ဝါးပီး‌‌ေထွးထုတ်တဲ့လူကြီး... မုန်းတယ်.. မုန်းတယ်"

ကြောင်ပေါက်စလေး တယောက်အိပ်ရာ‌ပေါ်ကခေါင်းအုန်းကိုတံခါးပေါက်တည့်တည့်ပစ်ထည့်လိုက်တာ အခန်းထဲ၀င်လာတဲ့ အချောလေးဂျင်ရဲ့World wide handsomeမျက်နှာလေးကိုသွားထိပါလေရော.....

"အ !!"
"ခေါင်းအုန်းလေးနဲ့အပေါက်ခံရတာကိုအဖြစ်သည်းနေတယ်"
"ဘာ!!Min yoongi"
"ဘာလဲ ပြော"
"မင်း ငိုထားတာလား"

မျက်ရည်စတွေစို့နေတဲ့ ယွန်းဂီမျက်လုံးလေးတွေကငိုထားကြောင်းသက်သေပင်..

"ရူးနေလား ဘာလို့ငိုရမှာလဲ"
"အော် အဲ့တာဆို မျက်လုံးတွေဘာလို့နီနေတာလဲ"
"အဲတာ မျက်လုံးထဲဖုန်၀င်သွားလို့"

ဟုတ်တယ်.. ဟိုဆော့ကီးဆိုတဲ့ဖုန်စုတ်လေးကျွန်တော့မျက်လုံးထဲတင်မကဘူး နှလုံးသားထဲပါ ကို့လို့ကန့်လန့်၀င်နေလို့..

"ဒါနဲ့ ဘယ်ကပြန်လာတာလဲ"
"ငါလား ငါ့ဘဲနဲ့သွားပီး...."
"တော်ပီ.. တော်ပီ.. ဆက်နားမထောင်ရဲတော့ဘူး"
"မင်းကလည်းချိန်းတွေ့တယ်လို့ပြောမလို့ပါဟ"
"ချိန်းတွေ့တာ‌ပဲလား ကျန်တာရော မလုပ်ခဲ့ဘူးလား"
"မင်း.. မင်းဘာတွေလျှောက်ပြောနေတာလဲ"

အော်.. ကျွန်တော်မျိုးကပဲလျှောက်ပြောတယ်ပေါ့.. လူမြင်ကွင်းမှာတောင်မရှောင်ပဲအမြဲနမ်းနေတဲ့သူတို့အတွဲ လူကွယ်ရာရောက်ရင်တော့ အမယ်လေးကျောတောင်ချမ်းလာသလိုပဲ....

"ဟူး ပြောမယ်ဆိုလည်း လည်ပင်းကအမှတ်အနီလေးနှစ်ခုကိုလုံအောင်ဖုံးပီးမှပြော "
"ဟမ်?? ဟာ.."

❣️To close to you❣️Where stories live. Discover now