part 23 (Unicode+ Zawgyi)

1.3K 115 10
                                    

Unicode

"အား.. ကျွတ် ကျွတ် ခေါင်းတွေမူးလိုက်တာကွာ"

ကဲ မနက်မလင်းသေးဘူးမျောက်တကောင်ရဲ့ငြီးသံကိုစတင်ကြားရပါပီ...

"အခုမှ လာငြီးမနေနဲ့ မနေုညတုန်းက သူပဲမသောက်နိုင်တာကအတင်းသောက်နေပီးတော့"
"ကမ်အာမီ ငါအခုစိတ်ကြည်နေတာမဟုတ်ဘူးနော်ရန်လာမစနဲ့"
"အကိုထယ်ရယ်တော်ပါတော့ အကိုခေါင်းမူးနေရင် ကျွန်တော် အအေးဖျော်တိုက်မယ်လေ"
"တွေ့လား ငါ့ဂျီဂျီလေးပဲ ချစ်စရာကောင်းတယ် ညီမလေးတယောက်ရှိပါရဲ့ဘာမှကိုအားမကိုးရတဲ့သူတွေနဲ့များကွာပါ့"
"ဘာ ကမ်ထယ်ယောင်း နင်ငါ့ထက်အသက်ကြီးလို့သည်းခံနေတာနော်"
"သည်းမခံတော့နင်ကဘာလုပ်ချင်လို့လဲ လုပ်လိုက်စမ်းပါ ငါလည်း နင်ကအသက်ငယ်လို့အလျှော့ပေးထားရတာ"
"နင်...!!!!"
"ကဲ ကဲတော်ကြတော့ ခွေနှစ်‌ေကာင်ကြနေတာပဲ တွေ့တာနဲ့ကိုက်နေတယ် မင်းတို့ထက်ရင် ငါရေနဲ့ပတ်မှာနော်"
"အကိုဂျင်ကလည်းဗျာ"

အကိုဂျင်ပြောမှပဲ ဟိုမျောက်နဲ့ရန်ဖြစ်နေရာကရပ်လိုက်ရတော့တယ်.. သူ့ကြောင့်နဲ့တော့ဒီကအာမီလေး‌ေခွးဖြစ်မခံနိုင်ပါဘူး..

"အကိုမင် နိုးလာတာစောလှချည်လား"

ဘာ ငါ့ကိုလာရွဲ့နေတာလား.. အခုတောင်မနက်11နာရီရှိနေပီနော်... ဒီအချောရူးတော့ငါမပြောချင်တော့ဘူး

"အကိုမင် လာထိုင်လေ လာကျွန်တော့ဘေးကို"
"တော်ပီ ငါမထိုင်တော့ဘူး တချို့သောအရာတွေကြောင့် ငါရင်ခံနေတယ်"

ဟိုကောင် ဟိုဆော့ကီးကတော့ ငါ့တွေ့တာနဲ့ဖလူးဖလူးကိုဖြစ်နေတာပဲ အချောရူးနဲ့ဂျောင်ဗလကတော့ ငါ့တောင်အရေးမစိုက်ဘူး.. သူတို့ဘာသာနှစ်ယောက်တကမ္ဘာဖြစ်နေကြတယ် ဒါငါ့ကိုသက်သက်ချေတာ..

"အကိုမင် နေမကောင်းလို့လား ကျွန်တော်ဘာလုပ်ပေးရမလဲ ရေခပ်ပေးရမလား အသီးသွား၀ယ်လိုက်ရမလား ဆေးရောသောက်ပီးပီလား မနက်စာစားပီးမှသောက်မှာလား ဆေးခန်းရောသွားမှာလား ကျွန်တော်လိုက်ပို့......"
"ခန ခန"

အမလေး သူ့အစားငါတောင်မောတယ်.. သူ့ကိုယ်သူrapရွတ်နေတယ်များထင်နေလားမသိဘူး.. ကျားလိုက်တဲ့အတိုင်းကိုပြောနေတာ..

❣️To close to you❣️Where stories live. Discover now