part 9 (Unicode+ Zawgyi)

1.4K 156 10
                                    

Unicode

"စဉ်းစားစမ်း.. ကမ်အာမီစဉ်းစားစမ်း.. အကိုဂျင့်ကိုကျောင်းရောက်လာအောင်ဘလိုလုပ်ရမလဲ..??"

မနက်စောစောစီးစီး ကမ်အာမီတယောက် အကိုဂျင့်ကိုကျောင်းရောက်အောင်ဘလိုပြောပီးပင့်ရမလဲစဉ်းစားရင်း အကြံတွေအိုက်နေရပါပီ.. သူကျောင်းရောက်မှပဲ ဂျန်းကုနဲ့တွေ့မှာမဟုတ်လား.. တွေ့မှချစ်မှာ.. ချစ်မှယူကြမှာ.. ယူမှဒီကအာမီနားငြီးသက်သာမှာ.. ဟိုကဂျန်းကုက ကူညီဖို့ခနခနပြောနေတာကြာတော် နား‌ေတွလည်းငြီးလာပီ..

"ဟ အကြံရပီ.. တယ်တော်တဲ့ငါလေးပါလား ဟဲဟဲ"

အာမီတယောက် အိမ်ရှေ့ကထယ်‌ေယာင်းကားထားတဲ့နေရာကိုခိုးကြောင်ခိုးဝှက်သွားနေရပါတယ်.. တခြားဘာကြီးကြီးမားမားမှမလုပ်ခဲ့ပါဘူး.. ကားလေးဘီးလုံးလေလျှော့လိုက်တာရယ်.. ကား wiperချိုးပစ်လိုက်တာရယ်.. ကားbackမှန်ကိုပြန်တည့်လို့မရအောင်လုပ်လိုက်တာရယ်.. ဒီလောက်ပါပဲ.. ဒါမှ ကားပျက်တယ်ဆိုပီး အကို့ဂျင်ကားနဲ့လိုက်ရမှာမဟုတ်လား..

"အာမီရေ ကျောင်းသွားမယ်လေ"
"အင်းပါ "

ဘာမှမသိတဲ့ ‌အကိုထယ်ကတော့ စတိုင်အပြည့်နဲ့ကားပေါ်တက်ဖို့ပြင်နေလေရဲ့..

"ဟင် ကားကလေတွေပြားနေပါလား.."

အာမီမရီမိအောင်မနဲအောင့်ထားလိုက်ရတယ်..

"ဟင် backမှန်လည်း လှည့်မရတော့ဘူး.. wiperလည်းကျိုးနေတယ်.. ကမ်အာမီနင့်လက်ချက်မလား?"
"မဟုတ်ပါဘူး အာမီမလုပ်ပါဘူး"
"ဒါဆိုဘယ်သူလုပ်တာလဲ?"
"သိဝူးလေ"

ဗြောင်လိမ်ဗြောင်စားလုပ်နေတဲ့အာမီရယ်ပါ....

"ကျောင်းတော့နောက်ကျတော့မှာပဲ"
"အကိုဂျင့်ကားနဲ့သွားမယ်လေ"
"အကိုဂျင်မှ အိမ်မှာမရှိတာ"
"ဟင်!!"
"မနေ့ညနေက ခရီးသွားတယ်လေ ဘူဆန်ကဆွေမျိုးတွေစီ.. ဒီနေ့ညနေမှပြန်ရောက်မှာလေ"
"ဟင် အာမီတောင်မသိလိုက်ဘူး"
"နင်ပဲ ဘူဆန်ကနေဘာ၀ယ်ခဲ့ညာ၀ယ်ခဲ့ဆိုပီးမှာနေသေးတယ်လေ ဒုက္ခပဲ "
"အော် ဟုတ်သားပဲ ဟီးဟီး"

မေ့တတ်လိုက်တဲ့ငါ.. အကိုဂျင်မနေ့ကငါ့ရှေ့မှာပဲ ဘူဆန်ကိုသွားတာလေ.. သွားပါပီ ကားကဖျက်စီးလို့ပျက်သွားပီ.. လူလည်းပင်ပန်းနဲ့.. ဒီအတိုင်းတော့အဖြစ်မခံနိုင်ဘူး.. တယောက်မဟုတ်တယောက်တော့ ရအောင်မ ရမှာပဲ..

❣️To close to you❣️Where stories live. Discover now