Part 12( Unicod+ Zawgyi)

1.4K 161 8
                                    

Unicode

"ငါဝိတ်ချတော့မယ်.."
"ဟင်.. ဟုတ်မှလည်းလုပ်ပါ ဂျီမင်ရယ်"
"တကယ်ပြောနေတာ"

ဟုတ်‌တယ်လေ.. ကိုယ့်ခွက်ထယ်ထယ်လေးက ကိုယ့်ခန္ဓာကိုယ်ရဲ့တခြမ်းတောင်မရှိမှတော့ ဒီကပဲအနစ်နာခံပီးဝိတ်ချရမှာပေါ့..

"ဂျီမင်တို့ အာမီတို့ ဂျန်းကုတို့ လာကြလေ.. အစာပြေမုန့်စားရအောင်.."
"ကဲ~ ဂျီမင်ရေ နင်ဝိတ်ချမယ်ဆိုမှ အကိုဂျင်ကအဆာပြေမုန့်တွေကျွေးနေတယ်.."

ဟုတ်တယ် ဂျီမင်လေး ဝိတ်ချမယ်ဆိုမှ အဆာပြေမုန့်နဲ့မြူစွယ်နေတယ်.. ဒါပေမဲ့အနံ့လေးကမွှေးပီး အီနေတော့  သရေတွေတောင်ကျချင်လာပီ...

"ဂျီမင် စားလေ"
"ဟုတ်ကဲ့"

မနဲထိန်းထားတဲ့စိတ်လေးကိုလွှတ်ပေးဖို့ကြံလိုက်ရုံရှိသေး ဟိုအာမီမကထဖောက်ပါလေရော..

"ဂျီမင် ဝိတ်ချနေတယ်ဆို"

သူပြောမှပဲ ဒီကဂျီမင်လေး လက်ထဲမှာကိုင်ထားတဲ့မုန့်ကိုပဲ စားရတော့မလိုလို မစားရတော့မလိုလိုနဲ့ တကယ်ပဲ...

"ဟုတ်လား.. ဒါဆိုဂျီမင်လေးသေချာဝိတ်ချ နောက်ကျမှမုန့်တွေထပ်လုပ်‌ေကျွးမယ်နော်"
"ဟုတ်ကဲ့ အကိုဂျင်"

အကိုဂျင်က သူကိုယ်တိုင်သာဝိတ်မချတာ သူများဝိတ်ချတဲ့အရေးမှာတော့ အင်တိုက်အားတိုက်ကိုကူညီပါတယ်...

"ဂျီမင်လေး အဲတာတွေမစားရဘူးလေ"
"ဘာလို့လဲအကိုဂျင်ရဲ့"
"အသားမှာ ကယ်လိုရီတွေအများကြီးပါတယ် ရော့ အရွက်လေးတွေနဲ့စား"

ထမင်းစားတဲ့အချိန်လည်း အရွက်ကြော် အရွက်သုပ် အရွက်ပြုတ်နဲ့ပဲကျွေးတယ်.. ဒါတောင်တနပ်တည်းမဟုတ်ဘူး မနက်စာနေ့လည်စာ ညနေစာ အကုန်အရွက်.. ပီးတော့လည်း ဆီမပါ ဆားမပါ ဟင်းချိုမှုန့်မပါနဲ့... ကျန်တဲ့သူတွေကတော့တခြားဟင်းတွေစားရပါတယ်.. အကိုဂျင်ကျွန်တော့ကိုဂရုစိုက်လို့ ဒီလိုတွေလုပ်နေတယ်ဆိုတာသိပေမဲ့ ဒါကြီးကတော့ လွန်တယ်မဟုတ်လား...

"ဂျီမင်လေး အဲတာမစားရဘူးလေ"
"ဂျီမင်လေး ဒီဟာမစားနဲ့"
"ဂျီမင်လေး ဟိုဟာ မစားရဘူးနော်"
"ဂျီမင်လေး...."

❣️To close to you❣️Where stories live. Discover now