Part 14

243 36 28
                                    

Zawgyi

Bunny: အော်အဲ့လိုလား ဖြစ်ပါ့မလားဟ
Somi:ဖြစ်ပါတယ် oppaရ
Yeon:ဘာကိုဖြစ်နေကြတာလဲ
Somi:Bunny Oppaကို သီချင်းဆိုပြိုင်ပွဲ
ပြိုင်ခိုင်းမလို့ အရင်နှစ်တွေရွာထဲမှာ
နှစ်တိုင်း Dari Unnieဘဲရနေတာ
မ ကျေနပ်ဘူး သူ့ကိုတစ်နှစ်လောက်
ရှုံးစေချင်တယ် Somiကိုယ်တိုင်ကလည်း
အသက်မပြည့်သေးလို့ ပါလို့မရဘူး အဲ့ဒါကြောင့်
Yeon:အမလေး သူ့ပုံစံကြီးနဲ့နိုင်နေပါဦးမယ်
Bunny:YeonကBunnyကိုအထင်သေးတာလား
Yeon:ဟုတ်တယ်လေ Bunnyကသီချင်းကောင်းကောင်းဆိုတတ်လို့လား
စကားတောင် နားမလည်လို့
ကလေးကိုသင်သလိုပြန်သင်နေရတာကို
Bunnyမျက်နှာလေးမဲ့သွားတယ်☹
Somi:ဖြစ်ပါတယ် ဒေါ်လေးyunaကအသံအရမ်းကောင်းတာ သူကသူ့အသက်အရွယ်နဲ့ မကိုက်လို့သာမပြိုင်တာ
Bunny Oppaကိုသူနဲ့သင်ပေးဖို့.အကူအညီတောင်းလို့ရတယ် ဒေါ်လေး yunaကBunny oppaကိုချစ်တော့ သေချာပေါက်သင်ပေးမှာပါ

Huening: Yeon!မင်းက Bunnyကိုအထင်သေးနေတယ်ပေါ့
သူပထမရရင် မင်းကိုယ်တုံးလုံးနဲ့ ကမ်းခြေတစ်လျှောက်ပြေးရမယ်
သူသာ ပထမ မရရင် ငါကိုယ်တုံးလုံးနဲ့
ကမ်းခြေတစ်လျှောက်ပြေးကြေး ဘယ်လိုလဲ လောင်းမလား ဘယ်လိုလဲ မင်းကြောက်သွားပြီမလား
Yeon:ဘာလို့ကြောက်ရမှာလဲ လာလေ လောင်းတာပေါ့

......................
ဒေါ်လေး Yunaအသင်အပြကောင်းမှု
ကြောင့် Bunnyတစ်ယောက် အသံတွေတော်တော် ပိုင်နေပါပြီ နဂိုကတည်းကအသံချိုသူမို့ နိုင်တင်ဂေးငှက်ကလေး အသံလိုပါဘဲ
တစ်ဖက်မှာ Dariတစ်ယောက် ကတော့
Bunnyပြိုင်မယ်ဆိုတာသိတော့ အသည်းအသန်လေ့ကျင့်နေတယ်
Dariရဲ့ကျီးကျီး:နင်ကျင့်နေလည်းမထူးဘူး
Bunnyက နင့်ထက်အသံကောင်းတယ်
ပြီးတော့ ဟိုကချစ်စရာလေး မျက်နှာမြင် ချစ်ခင်ပါစေဆိုသလိုမျိုး ပြိုင်ပွဲက ယှဉ်ပြိုင်သူရဲ့ လက်ပေါ်တင်ခံရတဲ့ ပန်းအရေအတွက်နဲ့ ဆုံးဖြတ်တာဆိုတော့
လူအများစုက Bunny ကိုဘဲ ပန်းပေးကြမှာ သူကချစ်လည်းချစ်စရာလေး အသံကလည်းနင့်ထက်သာပြီးသား
Dari:ဟာ ကျီးကျီးကလည်း အားမပေးချင်နေ အဲ့လိုတော့ အားလျော့အောင်လာမပြောနဲ့လေ ကျီးကျီးကြည့်နေ ပြိုင်ပွဲမှာ ဘယ်သူနိုင်မလဲလို့ ဟွန့်
.................................
ပြိုင်ပွဲနေ့ရောက်လာပါပြီ
ကံ ဆိုးစွာနဲ့ဘဲ Baekတစ်ယောက်လည်းရောက်လာပါတယ် (မှတ်မိကြလားဟင်
BaekကBunnyကို ပေါင်ဒါတွေ ၊မုန့်တွေပေးတဲ့လူပါ)
ကောင်မလေးတွေကတော့
"Baek Oppaနှစ်တိုင်းလာတယ်နော်"
Baek:ဒါပေါ့ ဒီမှာ ဧည့်ခံပေးတဲ့ ကောင်မလေးတွေက အရမ်းလှတာကို
မလာဘဲ ဘယ်နေနိုင်မလဲ
ကောင်မလေးတွေလည်း ရှက်သွေးတွေဖြာကုန်ရော

Don't Forget Me!Where stories live. Discover now