Part 9

184 38 2
                                    

Zawgyi
Yeonနဲ့Hueningရောက်လာမှ ရေတွေ ခပ်ပြီးပက် အမြန်ငြိမ်းလိုက်ရတယ်
မီးလည်းငြိမ်းရော ရုပ်တွေက မည်းတူးလို့😂😂😂
Bunnyကနဂို အသားဖြူဖွေးနေတဲ့လူဆိုတော့ သူ့မျက်နှာမှာ မှိုင်းတွေကြောင့်မည်းနေတာတွေက ပိုသိသာပြီး အရမ်းရယ်ရတဲ့ရုပ်ပေါက်နေတယ်
Dari:Yeon
Yeon:ဘာမှလာမပြောနဲ့ ထွက်သွား
Somiကလည်းသွားဖြီးပြနေတယ်
Yeon:Somi နင်လည်းတူတူဘဲ ထွက်သွား
Yeonကစိတ်ဆိုးနေတာကြောင့် နှစ်ယောက်သား ဘာမှပြန်မပြောရဲတော့ဘဲ ထွက်သွားကြတယ်
Hueningကတော့ အဲ့နှစ်ယောက်ကို
ကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်မောနေတာပေါ့
Yeon:Huening မင်းရောတူတူဘဲ သွား
Hueningလည်းမျက်နှာမဲ့ပြီး
Huening:Bunnyလေးရေ
Yeon:ဘာမှပြောမနေနဲ့ထွက်သွားပါဆိုနေ
Huening: သွားမယ်
Hueningလည်းစိတ်ဆိုးပြီးဆောင့်
အောင့်ထွက်သွားတယ်
Yeonစိတ်ဆိုးနေတာကြောင့် Bunnyလည်းကြောက်ကြောက်နဲ့
မီးဖိုချောင်ကနေ ထွက်သွားဖို့ပြင်နေတယ်
Yeon:Bunny! မင်းကဘယ်ကိုသွားမို့လဲ
Bunny:Yeon Bunnyတောင်းပန်ပါတယ်နော်
Yeon:တောင်းပန်မနေနဲ့ မီးဖိုချောင်တောင်မီးလောင်ရအောင် မင်းဘယ်လိုလုပ်လိုက်တာလဲ
Bunnyကသူ့အပြစ်သူသိတော့ ဘာမှမပြောရဲဘူး မျက်နှာငယ်လေးနဲ့

ညဘက်ရောက်သောအခါ(hey လန့်မသွားနဲ့😂😂)
Yeon:ရော့ အဲ့မှာ စား
Bunnyကလည်းပြန်ပြီးအလိုက်တသိ Yeonအတွက် ရေငှဲ့ပေးတယ်
YeonကBunnyမရှိတဲ့ဘက်ကို မျက်နှာလွဲပြီး ငါးကင်စားနေတော့ Bunnyလည်းမနေတတ်ဘူး သူ့အပြစ်သူသိတယ်
Bunny:Yeon!
Yeonလုံးဝ Bunnyဘက်ကို မလှည့်လာဘူး
Bunnyလည်း အကြံရသွားပြီး ငါးကင်ထဲ ကငါးအသေးလေးနှစ်ကောင်ကို သူ့ပါးစပ်တစ်ဖက် စီမှာတပ်လိုက်ပြီး
Bunny:Yeon!Bunnyတောင်းပန်ပါတယ် Bunnyတကယ်ကိုတောင်းပန်ပါတယ်နော် Yeon
Bunnyရဲ့ချစ်စရာအမူအရာကိုမြင်ပြီး
Yeonလည်းဆက်ပြီး စိတ်မဆိုးနိုင်တော့ပါဘူး ရယ်လည်းရယ်မိတယ်
Bunny:Yeonရယ်တယ်နော် Bunnyကို စိတ်မဆိုးတော့ဘူးမလားဟင်

Yeonလည်းBunnyရဲ့ခေါင်းလေးကိုပုတ်ပြီး
Yeon:Bunnnyကို Yeonကအကြာကြီးစိတ်မဆိုးနိုင်ပါဘူးနော်
Bunny:တကယ်လားဟင် Yeon
Yeon:တကယ်ပေါ့ Bunnyရ
Bunny:ဒါဆိုBunnyငါးကင်တွေစားတော့မယ်နော် Bunnyဗိုက်အရမ်းဆာနေပြီ
Yeon:စားလေ Bunny များများစား
........

Don't Forget Me!Where stories live. Discover now