Part 16

123 27 9
                                    

Unicode

Soobinနောက်တစ်ရက်မနက်နိုးလာတော့
Yeonjun တစ်ယောက်အိပ်ရာထဲတွင်မရှိတော့
ရွာထဲပတ်ရှာတော့လည်း မသိဘူး
မတွေ့မိဘူး ချည်းဘဲပြောနေကြတယ်
Bunnyတစ်ယောက် ခေါင်းတွေစားနေပြီလေ မထူးဘူးဆိုပြီး အိမ်မှာဘဲထိုင်စောင့်နေလိုက်တယ်

ညဘက်မှောင်လာတော့ Bunny တစ်ယောက်လန့်လာတယ်
အဲ့ချိန်မှာဘဲ မျက်နှာဖုံးနဲ့လူတစ်ယောက်က
အဝတ်စနဲ့ Bunny ပါးစပ်ကို လာပိတ်တယ်
"အွန်း လွှတ် လွှတ်လို့ "
"မသေချင်ရင် ငြိမ်ငြိမ်လိုက်ခဲ့ "
အဲ့လူက အသံနက်ကြီးနဲ့ ဖြဲခြောက်နေတော့ Bunnyလည်း ကြောက်ကြောက်နဲ့ လိုက်သွားတယ်

ကမ်းခြေရဲ့တစ်နေရာအရောက်မှာ
ပန်းတွေနဲ့ လှပအောင်ပြင်ဆင်ထားတာကိုတွေ့လိုက်ရတယ်
အဲ့နေရာရောက်တော့ မျက်နှာဖုံးနဲ့လူက
Bunnyရဲ့ ပါးစပ်ကအဝတ်စကိုဖြေပေးလိုက်ပြီး သူ့မျက်နှာဖုံးကို ဆွဲချွတ်လိုက်တယ်
"ဟင် Huening Hyung "
"Bunny ရှေ့တည့်တည့်ကို ဆက်သွား
ကြည့် "

Bunnyလည်း ရင်တဒိတ်ဒိတ်နဲ့ Huening ပြောသလို ရှေ့ကိုဆက်သွားကြည့်လိုက်တော့ ရွာထဲက လူတွေကိုတွေ့ကတယ်

"ဟင်လူတွေစုံလို့ပါလား ဘာပွဲရှိတာလဲ"
Huening က
"သိချင်ရင်ဆက်သွားကြည့်လေBunnyရဲ့"
Bunny လည်းရှေ့ဆက်လျှောက်လိုက်တော့ တစ်နေရာအရောက်မှာ Yeon
"ဟင် Yeon ဒီမှာ ဘာလုပ်နေတာလဲ "

အဲ့ချိန်မှာဘဲ Yeonက ရုတ်တရက်
Bunny ရှေ့ဒူးထောက်ချလိုက်တယ်
လက်စွပ်ဘူးတစ်ခုနဲ့အတူပေါ့
"Yeon ဘာလုပ် တာလဲ ထပါ Bunny ခွင့်လွှတ်တယ်လေ တစ်နေကုန် ပစ်ထားလို့လည်း Bunny စိတ်မဆိုးပါဘူး "(နင်ဟာ😂)

ရွာထဲက လူအုပ်ကြီးလည်း ဝိုင်းရယ်ကြပါလေရော

"ကျပ်ရောပြည့်လား "
"သူတကယ်ဘဲ မသိတာလား "
"တုံးလိုက်တာမှ လွန်ပါလေရော"
"အဲဒါနင့်ကိုလက်ထပ်ခွင့်တောင်းမို့ဟဲ့
သောက်ပိန်းလေးရဲ့ "
စတဲ့ ကျွတ်စီကျွတ်စီပြောသံတွေကိုကြားမှ
Bunny သဘောပေါက်သွားတော့တယ်

"ဟုတ်တယ် Bunny!
မင်း ကိုယ့်ကို လက်ထပ်နိုင်မလား "
Yeonjun ကလက်ထပ်ခွင့်တောင်းလာတော့ Bunny ကဘာမှမပြောဘဲ ငိုချပါလေရော
Yeonက ထ ကာမျက်ရည်သုတ်ပေးရင်း
" ဘာ​ဖြစ်လို့ ငိုတာလဲ Baby Bunny
ဘာလဲ ကိုယ့်ကို လက်မထပ်ချင်လို့လား"
"မဟုတ်ပါဘူး Yeonရယ်
Bunny က ပျော်လွန်းလို့ငိုမိတာပါ"

Don't Forget Me!Where stories live. Discover now