Unicode
အိမ်ပြန်ရောက်ပြီးတော့
" Yeonက လေ Bunnyကိုလေ အမြဲတမ်း ပျော်အောင် လုပ်ပေးတတ်တယ်နော်
Bunny လေ အရင်ကအကြောင်းရာတွေကိုလည်း ပြန်မမှတ်မိချင်တော့ဘူး
Yeonနဲ့ ဘဲ ဒီမှာတစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေချင်တယ် ""ဟုတ်ပပြီဗျာ ဒါဆို အကယ်၍ Bunnyက
Bunnyရဲ့ ဘဝမှန်ကို မှတ်မိသွားရင်ဘယ်လိုလုပ်မလဲ "
Yeon က Bunny ဘယ်လိုဖြေမလဲ သိလိုစိတ်နဲ့ မေးလိုက်တယ်
" ဟင့်အင်း Bunny ဘဝမှန်ကိုပြန်မှတ်မိလည်း Yeonနဲ့ဘဲ တူတူဆက်နေမှာ
မဖြစ်မနေမို့ ပြန်ရရင်လည်း Yeonကို
ပါခေါ်သွားမှာ""ဟုတ်ပါပြီ Bunnyလေးနဲ့ဆို Yeonက
ကမ္ဘာမြေ အဆုံးထိကိုလိုက်ရဲတယ်
Bunnyသာထားမသွား ဘူးမလား
Yeonကို ""Bunnyလေ Yeonကိုထားမသွားဘူးလို့
မိုးကောင်းကင်ကို တိုင်တည်ပြီး ကတိပေးတယ်နော် "
ကမ်းခြေလေးရဲ့တစ်နေရာမှာတော့
ချစ်သူနှစ်ဦးဟာ ကတိသစ္စာတွေ အထပ်ထပ်ပြုရင်း ချစ်ကြည်နူးနေခဲ့ကြတယ် သူတို့ ရဲ့ ကြမ္မာ ဆိုးကိုမမြင်နိုင်ကြဘဲပေါ့
,.......................................
Yeonတစ်ယောက် ငါးဖမ်းထွက်ဖို့
ကမ်းစပ်မှာ လှေကိုပြင်ဆင်နေတယ်
Bunny ကတော့ အိပ်ပျော်နေတုန်းမို့
အသာလေးထားခဲ့လိုက်တယ်Yeonတစ်ယောက် ငါးဒိုင်ဆီသွားရောင်းပြီး ပြန်လာတော့
"Bunny ရေ Bunny "
Bunnyဆီကနေ ထူးသံမကြားရဘူးရွာထဲက ကလေးတွေနဲ့သွားဆော့လားမသိပါဘူး
"Bunny Bunny "
ရွာထဲကလူတွေကိုမေးတော့လည်း
မနက်ကတည်းက မတွေ့တာတဲ့
Yeonလည်း စိတ်အရမ်းပူလာပြီ
Huening ကိုအဖော်ခေါ်ပြီး
ကမ်းခြေဘက်သွားရှာတော့လည်းမတွေ့ဘူး ညကတော်တော်နက်နေပြီ"Huening! Bunny က ငါ့ကိုစိတ်ဆိုးနေတာလားဟင် သူအိပ်ပျော်နေတာကိုမနိုးဘဲ ထားခဲ့လို့ "
Yeonကအသံအကျယ်ကြီးနဲ့အော်ပြီး
"Bunny ရေ ကိုယ့်ကို စိတ်မဆိုးပါနဲ့နော်
နောက်တစ်ခါအဲ့လိုမထားခဲ့ဘူးလို့
ကတိပေးပါတယ် Bunnyရေ မနောက်ရဘူး""ဟဲ့ကောင် Yeon!စိတ်ထိန်းလေကွာ"
"ငါကဘာကိုစိတ်ထိန်းရမှာလဲ
Bunnyရေ.ကြားလား
ပုန်းမနေနဲ့ ထွက်ခဲ့ "
ESTÁS LEYENDO
Don't Forget Me!
FanficZawgyi မင်းက ဘယ်ကရောက်လာသူမှန်းမသိပေမဲ့ ကိုယ်မင်းကိုချစ်တယ် မင်းကိုထာဝရလက်တွဲသွားမှာပါ Yeon Yeonရယ် Yeonကအရမ်းချောတာဘဲ သဝန်လည်းအရမ်းတိုရတယ် သိလား Bunny လေ Yeon ကိုသိပ်ချစ်တယ် တစ်သက်လုံးခွဲမသွားဘူးနော် Bunny Unicode မင်းက ဘယ်ကရောက်လာသူမှန်းမသိပေမဲ့...