Zawgyi
မနက်ရောက်လာပေမဲ့ ကောင်လေးကနိုးမလာသေးချေ တစ်ခဏကြာသော် Dariနဲ့ သူမအဖွားဖြစ်သူ သူတော်စင်ဖွားဖွားရောက်လာပြီးကောင်လေးအား ပရိတ်များမန်းမှုတ်ပေးသွားပါတယ် ကောင်လေးစိတ်ချရပြီဖြစ် ကြောင်းလည်း ပြောသွားတယ်Yeonလည်းသူ့အလုပ်သူလုပ်နေလိုက်တယ်
Yeonအလုပ်လုပ်နေတုန်း ကောင်လေးထ ထွက်သွားတယ်ကောင်လေးက လမ်းကို ဖြေး ဖြေးချင်းလျှောက်လာတယ် ရုတ်တရက်သူ မိုက်ခနဲဖြစ်သွားပြီး လဲကျတော့မယ့်အချိန်မှာဘဲ yeonကအမြန်သွားထိန်းပေးလိုက်တယ်
Yeonနဲ့ကောင်လေး အကြည့်ချင်းဆုံသွားတာပေါ့အဲ့ချိန်မှာဘဲ ကောင်လေးဆီက စကားသုံးလုံးထွက်လာခဲ့ပါတယ်
"ရေဆာတယ်"တဲ့😂😂😂
Yeonလည်း ရေသွားယူလာပေးတော့ ကောင်လေးလည်း အားပါးတရ သောက်တယ်ရေသောက် ပြီးတဲ့နောက်
ကောင်လေး: ကျွန်တော် ဘယ်ရောက်နေတာလဲဟင်
Yeon: ဒါပင်လယ်တစ်ခုပေါ့
ကောင်လေး :ပင်လယ် ဟုတ်လား
Yeon: အင်း အော်ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ
ကောင်လေး: မသိဘူး
Yeon: မင်းနာမည်ကိုတောင်မသိဘူး ဟုတ်လား
ကောင်လေး: ဟုတ် မသိဘူး
Yeon: မင်းဘယ်ကနေလာတာလဲ သိလား
ကောင်လေး: ဟင့်အင်း မသိဘူး
Yeon: မင်းဘာဆိုဘာမှ မသိတော့ဘူးလား
ကောင်လေးတွေဝေသွါးတယ်
Yeon: ဒါဆိုငါမင်းကို နာမည်ပေးမယ် မင်းဘယ်လိုနာမည်လိုချင်လဲ
ကောင်လေး :အဆင် ပြေတာပေးပါ
Yeon: မင်းမှာ ယုန်သွားလေးတွေရှိတယ် အသားကလည်း ဖြူဖြူလေးဆိုတော့ မင်းကို bunnyလို့ပေးမယ် အဆင် ပြေလား
ကောင်လေး: Bunny အင်းလှတယ်Yeon: ဟုတ်ပြီ ဒီနေ့ကစပြီး မင်းနာမည်bunnyဖြစ်သွားပြီနော် ငါ့နာမည် လည်းမှတ်ထားဦး ငါ့နာမည်က yeonတဲ့
Bunny: ဟုတ် ကဲ့ yeon
Bunnyမှတ်ထားပါ့မယ်Yeon: မင်းအဝတ်လဲရဦးမယ် လောလောဆယ်တော့ မင်းငါ့အဝတ်တွေဘဲဝတ်ထားလိုက်ဦး
Bunny: ဟုတ်Yeon: မင်း ကနေမကောင်းသေးဘူးဆိုတော့
မင်းအတွက် ငါဆေးသွားကျိုလိုက်ဦးမယ်
Yeon လည်းဆေးသွားကျိုလာပြီးYeon: ရော့ bunnyရေဆေးလေးသောက်လိုက်ပါဦး
Bunny: ဘာကြီးလဲ နံလိုက်တာ bunnyမသောက်ချင်ဘူး
Yeon: မသောက်လို့မရဘူးလေ bunnyရဲ့ဆေးသောက်မှနေ ပြန်ကောင်းမှာပေါ့
Bunny: ဟုတ် ပြီလေ bunnyသောက် ပြမယ် ကြည့်ထား 1 2 3
အဟွတ် bunnyသည်ဆေးတစ်ခွက်လုံးကိုတစ်ခါတည်းမော့ချလိုက်ပြီး ဆေးမှာခါးလွန်းသော ကြောင့်ပြန်အန်ထွက်လာခြင်းဖြစ်သည် အန်တာလည်းတခြားနေရာမဟုတ် yeonရဲ့အကျီပေါ်သို့😅😅
YOU ARE READING
Don't Forget Me!
FanfictionZawgyi မင်းက ဘယ်ကရောက်လာသူမှန်းမသိပေမဲ့ ကိုယ်မင်းကိုချစ်တယ် မင်းကိုထာဝရလက်တွဲသွားမှာပါ Yeon Yeonရယ် Yeonကအရမ်းချောတာဘဲ သဝန်လည်းအရမ်းတိုရတယ် သိလား Bunny လေ Yeon ကိုသိပ်ချစ်တယ် တစ်သက်လုံးခွဲမသွားဘူးနော် Bunny Unicode မင်းက ဘယ်ကရောက်လာသူမှန်းမသိပေမဲ့...