သူက Club ကို အမြဲလာနေကျလူလား.. ဒါမှမဟုတ် စိတ်ကူးပေါက်မှ လာတတ်တာမျိုးလား..
တကယ်လို့ ငါအဲ့ကို နေ့တိုင်းသွားစောင့်ရင် တွေ့နိုင်မလား..နေပါဦး.. ဘာလို့ငါက သွားစောင့်ရမှာလဲ.. ပြီးတော့ သူက တစ်ခါပဲလာပြီး နောက်မလာတော့ရင်ရော?.. သေချာတွေးကြည့်တော့ ငါတို့ ပြန်ဆုံဖို့က ဖြစ်နိုင်ချေနည်းလွန်းပါတယ်.. ဆုံရင်တောင် သိပါ့မလား..ငါသူ့မျက်နှာကို မမြင်လိုက်ရဘူးလေ..ဒါဆို.."Wu Xie.. Wu Xie.. "
ကျွန်တော် အတွေးထဲ နစ်နေတာကို ရှောင်ဟွား ခေါ်သံ ကြားမှ သတိပြုမိလေသည်။ ဒီရက်ပိုင်း အဲ့လူအကြောင်းပဲ တွေးတွေးနေမိတာ..။ ဘာလို့ အဲ့လောက်တောင် တွေးမိနေလဲ ကျွန်တော်လည်း မသိဘူး။
"ဟေ..အေး..အေး ဘာပြောလိုက်တာလဲ"
"ဟာ.. မင်းကလည်း ဒီဇိုင်းတွေကို ကြည့်နေပြီး စိတ်ကဘယ်ရောက်နေတာလဲဟ"
သူပြောနေတာတွေ တစ်ခုမှ မကြားကြောင်း အတည်ပြုပြီးချိန်မှာ ရှောင်ဟွားတစ်ယောက် စိတ်ပျက်သလို ငြီးငြူလေတော့သည်။
"အေး.. ဆောရီးကွာ ဘယ်ချိန်တုန်းက စိတ်လွင့်သွားမှန်းတောင် မသိလိုက်ဘူး"
"အေးပါကွာ မင်းကလည်း..။ ဟိုတစ်နေ့က Clubက ပြန်လာပြီးကတည်းက ထူးဆန်းနေတာ မင်း..။ ဘာတွေ စဥ်းစားနေတာတုန်း..
မဟုတ်မှလွဲရော စော်လေးတစ်ယောက်နဲ့ တိုက်မိခဲ့လို့ သူ့အကြောင်းတွေတွေးနေတာလား"စိတ်ပျက်နေတဲ့ပုံနဲ့ သူ့မျက်နှာက ချက်ချင်းကို စပ်ဖြဲဖြဲ အသွင်ပြောင်းသွားပြီ ဖြစ်သည်။
"သေလေ။ ဘာစော်နဲ့မှ မတိုက်မိဘူး.."
သူစနောက်တာကို ရပ်စေချင်တဲ့ သဘောနဲ့ ကျိန်ဆဲလိုက်သော်လည်း...
"ဝိုး.... တကယ်တိုက်မိလာတာလား"
သူ့ပုံက ပိုလို့တောင် တက်ကြွလာလေသည်။
"ဟာကွာ.. ရှောင်ဟွား ငါပြောတာ မင်းမကြားဘူးလား။ မတိုက်မိဘူးလို့ ပြောနေတယ်လေ။ ရော့ရော့ရော့ မင်းဒီဇိုင်းတွေ အကုန်ပြန်ယူသွားတော့။ ဘာမှလာမမေးနဲ့.. မင်း crush ဟေးရန်ကျင်း ဆီ သာ သွားလိုက်တော့... သူစာပြပေးမယ်ပြောထားတယ်မလား.."
YOU ARE READING
ကျွန်တော် မြတ်နိုးရသော
Fanfictionအရာအားလုံးပြီးပြည့်စုံနေတဲ့သူလို့ ကျွန်တော်ထင်နေတဲ့ Zhang Qiling အမြဲလိုလို ကံဆိုးနေတတ်တဲ့ ကျွန်တော့် နာမည်က Wu Xieလေ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ဆက်နွယ်နေလဲတော့ ကျွန်တော် မသိဘူး ဒါပေမယ့် မမျှော်လင့်ဘဲ ကျွန်တော် လျှာရှည်မိတဲ့ ကိစ္စတ...