"အဟွတ်.. အဟွတ်"ဖုန်တွေ ဖုန်တွေ များလိုက်တာ.. ဒီသိုလှောင်ရုံထဲကို သန့်ရှင်းရေးမဝင်ဘူးထင်တယ်။ အင်းလေ ဘာအတွက်မှလဲ ဝင်စရာရယ်မှ မရှိတာ.. မသုံးတော့တာဘဲ ကြာလှပြီ။
ကျွန်တော် ကျောင်းရဲ့ အအိုဟောင်းဆုံးအဆောင်တစ်ခုထဲက သိုလှောင်ရုံထဲကို ရောက်နေရတဲ့ အကြောင်းရင်းကတော့..
"ဟိုလေ.. ကျွန်တော် ဒီနာမည်နဲ့ သမိုင်းကြောင်းစာအုပ်လေးကို ရှာနေတာ.. ဆရာမလင်းများသိမလားလို့ .. ကျောင်းစာကြည့်တိုက်မှာလဲ ရှာပြီးပြီ.. မရှိဘူး။ အဆောင်စာကြည့်တိုက်မှာလဲ မတွေ့ဘူးဖြစ်နေတယ်.."
ကျွန်တော်မှတ်ထားတဲ့ မှတ်စုစာအုပ်ထဲက စကားစုလေးတစ်ခုကို ထောက်ပြရင်း ဗဟိုစာကြည့်တိုက်မှူးကို မေးမြန်းနေရသည်..။ ဒီစာအုပ်ကိုရှာနေတာ နှစ်ပတ်နီးပါးလောက်ရှိနေပြီဆိုပေမယ့်.. အခုထိ ဘယ်မှာမှ ရှာမတွေ့သေး...
နောက်ဆုံးကျောင်းကိုပဲ အားကိုးရတော့မယ်ဆိုပြီး စာကြည့်တိုက်တွေမှာ မွှေနှောက်ကြည့်ပေမယ့် ကျောင်းမှာလဲရှာမရဖြစ်နေတာကြောင့် ကျောင်းပိုင်စာအုပ်စာရင်းတွေ အားလုံးကို စီစစ်ရတဲ့ ဗဟိုစာကြည့်တိုက်မှူးကိုမေးဖို့ ဆုံးဖြတ်ရတော့တာပဲ..။
"ပြစမ်းပါအုံး..သေချာ"
ဆရာမလင်းက မျက်မှန်ကို သေချာပြင်တပ်လိုက်ရင်း ကျွန်တော့်မှတ်စုစာအုပ်ကို အနီးကပ်ဆွဲယူကြည့်လေသည်။
ဗဟိုစာကြည့်တိုက်မှူးလို့ မပြောရဘူး.. ဆရာမလင်းက အသက်ကြီးပြီး မျက်မှန်မပါတာနဲ့ ဘာမှမမြင်ရတော့ဘူးဆိုပေမယ့် စာအုပ်စာရင်းတွေကိုတော့ တစ်ခုလေးတောင် မလွဲခဲ့ဖူးဘူး..။ ဆရာမလင်းက ဒီကျောင်းက ကျောင်းသားဟောင်းတစ်ယောက်...
ကျောင်းသူဘဝထဲက စာကြည့်တိုက်အသင်းဝင်တစ်ယောက်လုပ်ခဲ့ပြီး စာအုပ်စာရင်းတွေကို ပြုစုခဲ့တာ..ကျောင်းပြီးသွားတော့လည်း ဒီကျောင်းမှာပဲ အလုပ်ရပြီး အခုလို ဗဟိုစာကြည့်တိုက်မှူး ရာထူးကိုရတဲ့အထိ ဆရာမလုပ်လာတာ လုပ်သက်ပင်တော်တော်ကြာပြီဖြစ်သည်။
"သြော်..ဒီစာအုပ်ကိုး... ရှိတယ်..ကျောင်းပိုင်စာအုပ်စာရင်းတွေထဲမှာ ဒီနာမည်နဲ့စာအုပ်ရှိတယ်။"
YOU ARE READING
ကျွန်တော် မြတ်နိုးရသော
Fanfictionအရာအားလုံးပြီးပြည့်စုံနေတဲ့သူလို့ ကျွန်တော်ထင်နေတဲ့ Zhang Qiling အမြဲလိုလို ကံဆိုးနေတတ်တဲ့ ကျွန်တော့် နာမည်က Wu Xieလေ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ဆက်နွယ်နေလဲတော့ ကျွန်တော် မသိဘူး ဒါပေမယ့် မမျှော်လင့်ဘဲ ကျွန်တော် လျှာရှည်မိတဲ့ ကိစ္စတ...