"ရေခဲမုန့်...?"
ကျွန်တော်ခေါ်လာသည့်ဆိုင်ကို တစ်ချက်သာကြည့်ကာ စိတ်မပါသည့်လေသံဖြင့်ပြောလိုက်ခြင်းဖြစ်သည်။
အထွေအထူးပြန်ဖြေမနေတော့ဘဲ ဆိုင်အဝင်ဝမှန်တံခါးကိုတွန်းဖွင့်ပေးလိုက်ရင်း..
"ဝင်လေ.."
ကောင်တာတွင်စုံလင်များပြားလှသောရေခဲမုန့်အမည်များနှင့်ကျွန်တော်အလုပ်များနေစဥ် ရှောင်ဟွားကတော့ဆိုင်ခန်း၏ထောင့်နေရာစားပွဲဝိုင်းတစ်ခုတွင်ဝင်ထိုင်နေပြီဖြစ်သည်..။
အဲကွန်းလေခပ်စိမ့်စိမ့်မှာ သိပ်မကျယ်လှသောဆိုင်ခန်းအပြည့်နေရာယူထားလေသည်။ ရိုးရှင်းသောအပြင်အဆင်နှင့်နှစ်ယောက်ခုံစားပွဲဝိုင်းလေးများ၊ နံရံပေါ်ရှိပန်းချီကားချပ်များအပြင် ခပ်ဖျော့ဖျော့အဝါရောင်သန်းနေသောမီးလုံးလေးများမှာ ဆိုင်ခန်းကိုအလှဆင်လျက်ရှိနေလေသည်။ ဒီနေရာကိုဟေးရန်စတွေ့ကတည်းက ရှောင်ဟွားနှင့်အတူလာရန်စိတ်ကူးမိထားခြင်း..။
ဆိုင်ထိုင်သည်ထက်ပါဆယ်ယူသည်ကများသောကြောင့် ဆိုင်အတွင်းလူရှုပ်မနေ။ လေထုထဲပျံ့လွင့်လာနေတဲ့သံစဥ်ခပ်ပါးပါးက အေးချမ်းမှူကိုပိုပေါ်လွင်စေသလိုပင်။ အကြိုက်တွေ့နေသောရှောင်ဟွားမှာ မသိသာစေချင်၍ဂရုမစိုက်ဟန်ပြုထားသော်လည်း သူ့နှုတ်ခမ်းသားများကတော့သူ့ကိုသစ္စာဖောက်လျက်ပြုံးယောင်သန်းနေလေသည်။
ကောင်တာမှလျှောက်လာနေပြီဖြစ်သောဟေးရန်ကြောင့် ရှောင်ဟွားသည်မှန်အပြင်ဘက်ရှိပတ်ဝန်းကျင်ကိုသာအကြည့်လွှဲနေလိုက်လေသည်..။
"ဒီရက်ပိုင်းက တကယ်ကိုပူတယ်.."
"အင်း.."
ထိုင်ပြီးသည်နှင့်စကားစလိုက်သော်လည်း အင်းတစ်လုံးအပြင်ပိုထွက်မလာသောကြောင့်ဟေးရန်ပြုံးမိသွားလေသည်။
မင်းကဘာလို့ကလေးနဲ့တူနေရတာလဲ...
ဝူရှဲ့တို့နှင့်ပူးပေါင်းမှုအထမြောက်သွားသောကြောင့် ကန့်လန့်ကန့်လန့်ပါလာရသည်ကို စိတ်ဆိုးဟန်ပြုချင်နေသောကလေးပေါက်စလိုပင်..။
YOU ARE READING
ကျွန်တော် မြတ်နိုးရသော
Fanfictionအရာအားလုံးပြီးပြည့်စုံနေတဲ့သူလို့ ကျွန်တော်ထင်နေတဲ့ Zhang Qiling အမြဲလိုလို ကံဆိုးနေတတ်တဲ့ ကျွန်တော့် နာမည်က Wu Xieလေ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ဆက်နွယ်နေလဲတော့ ကျွန်တော် မသိဘူး ဒါပေမယ့် မမျှော်လင့်ဘဲ ကျွန်တော် လျှာရှည်မိတဲ့ ကိစ္စတ...