"ဟူး..."
ကျောင်းဝင်ပေါက်ရှေ့နားတွင် ခဏရပ်နေကာသက်ပြင်းချနေမိတဲ့ကျွန်တော်..။ မနေ့ကအားခဲထားသမျှ ခွန်အားတွေဟာဆိုရင် အခုချိန်မှာတော့ ကြက်ပျောက်ငှက်ပျောက်ပျောက်သွားလိုက်တာ အစတောင်ရှာမရ။
အတွေးနယ်ချဲ့ရင်း ကျောင်းထဲဝင်ဖို့လေးပင်နေစဥ် ကျွန်တော့်နောက်ကျောဘက်ကနေ အရာဝတ္ထုအကြီးကြီးတစ်ခုပစ်ဝင်တိုက်ချလိုက်သလို ခံစားလိုက်ရလေသည်..။
"ဝေ... Wu Xie လေး... ကျောင်းဝင်ပေါက်ရှေ့ရပ်ပြီး ဘာတွေတွေးနေတာတုန်းကွ"
"အိုက်ယား... ဖန့်ကျစ်.. မင်းကွာ။ ဖြည်းဖြည်းသက်သာလုပ်လို့မရဘူးလား?? မင်းလုပ်တာနဲ့ ငါ့အရိုးတွေကျိုးကုန်ပါတော့မယ်.."
ဖန့်ကျစ်သာ ဒီထက်အားနည်းနည်းပိုစိုက်ပြီး ကျွန်တော့်ကိုအနောက်ကနေ ထပ်ခုန်အုပ်ဖို့လုပ်မယ်ဆိုရင် ကျွန်တော့်အရိုးတွေခံနိုင်တော့မည်မထင်...။
"ဟားဟား... ဒီလောက်လေးနဲ့မကျိုးပါဘူးကွာ.. မင်းကလည်း ပိုပြီ..။ နေစမ်းပါဦး.. မင်းလက်ထဲက နက်ပြာရောင်အိတ်လေးက ဘာလေးတုန်း..။ ဘာတွေထည့်လာတာလဲ ကျောင်းကို..။ ပြပါဦး ပြပါဦး"
"အေ..အေ...လာမထိနဲ့.. လုံးဝမထိနဲ့။ အခုချက်ချင်းရပ်လိုက်စမ်း.."
ကျွန်တော့်မှာတော့ပုံမပျက်အောင် တယုတယဂရုတစိုက်နဲ့သယ်လာရတဲ့အိတ်လေးကို သူ့ရဲ့အားမာန်အပြည့်နဲ့ ဝက်ဝံလက်ကြီးက ကိုင်ဖို့ကြိုးစားနေလိုက်တာဆိုတာ...အချိန်မှီရှောင်လိုက်နိုင်လို့ တော်ပါသေးရဲ့..။
"ဟာကွာ... Wu Xieရာ ဘာမို့လို့လဲ။ ငါလည်း သိချင်တယ်လေ လို့..။"
"တိတ်စမ်း..။ မသိချင်နဲ့ အေးဆေးနေ။ ထပ်ပြီးယူကြည့်ဖို့ကြိုးစားရင် ငါတကယ်စိတ်ဆိုးမှာနော်..အေ။"
"အေးပါကွာ..အေးပါ..။ မကြည့်နဲ့ဆိုလည်း မကြည့်တော့ပါဘူး..။ သခင်လေးရယ် စိတ်တော့မဆိုးလိုက်ပါနဲ့.. ကြောက်ပါတယ်။"
ဖန့်ကျစ်က သူ့လက်နှစ်ဖက်ကို လေပေါ်မြှောက်ထားလိုက်ရင်း ကျွန်တော့်ကိုတကယ်ကြောက်ရတဲ့ပုံစံနဲ့လုပ်ပြနေလိုက်တာ... ပိတ်ကန်ချင်စရာ..
YOU ARE READING
ကျွန်တော် မြတ်နိုးရသော
Fanfictionအရာအားလုံးပြီးပြည့်စုံနေတဲ့သူလို့ ကျွန်တော်ထင်နေတဲ့ Zhang Qiling အမြဲလိုလို ကံဆိုးနေတတ်တဲ့ ကျွန်တော့် နာမည်က Wu Xieလေ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ဆက်နွယ်နေလဲတော့ ကျွန်တော် မသိဘူး ဒါပေမယ့် မမျှော်လင့်ဘဲ ကျွန်တော် လျှာရှည်မိတဲ့ ကိစ္စတ...