"ရှောင်ဟွား... ရှောင်ဟွား..."
စာကြည့်တိုက်ထဲကအထွက် မထင်မှတ်ဘဲ ရှောင်နေတဲ့လူနဲ့မှ တည့်တည့်တိုးခဲ့ရသည်..။ ဒီတော့ဘာဖြစ်သေးလဲ.. ကျွန်တော်ပေါ်တင်ဘဲမမြင်ချင်ယောင်ဆောင်ပစ်လိုက်ပြီး ကန်တင်းဘက်ကို ထွက်ခဲ့လိုက်သည်။ လိုက်မလာတော့ဘူး..လို့ ထင်ထားခဲ့ပေမယ့် အခုထိအနောက်ကလိုက်လာပြီးနာမည်အော်ခေါ်နေတဲ့ ဟေးရန်..။ ဆက်ပြီးသာ မသိချင်ယောင်ဆောင်နေရင် ဒီတက္ကသိုလ်ကြီးတစ်ခုလုံး ကျွန်တော့်နာမည်ကိုအလွတ်ရသွားနိုင်သည်..
"ဘာလဲ!"
လမ်းလျှောက်နေတာကို ရုတ်တရက်ရပ်ပစ်လိုက်ပြီး ဟေးရန်နဲ့မျက်နှာချင်းဆိုင်ရပ်ကာ သိပ်မကျယ်တဲ့ခပ်မာမာအသံနဲ့ ကျွန်တော်ပြန်ဖြေမိသည်။
"ရှောင်ဟွား..ငါ.."
စကားပြောရမှာ မဝံ့မရဲဖြစ်နေတဲ့သူ့ပုံစံကြောင့် ကျွန်တော်နည်းနည်းတင်းမာနေတဲ့ပုံပေါက်နေတာကို သတိထားလိုက်မိသည်။ ကျွန်တော်စိတ်ကိုပြန်ထိန်းလိုက်ရင်း...
"ငါ.. ဘာဖြစ်လဲ "
"ကျစ်.. မင်းငါ့ကို စိတ်ဆိုးနေတာလား?"
မေးသာမေးရတာ.. အခုသူတကယ်ထုတ်ပြောလိုက်တော့လည်း ကျွန်တော့်မှာဖြေစရာကမရှိပြန်...
"..."
ကျွန်တော်တိတ်ဆိတ်နေတာ ဟုတ်တယ်လို့ဝန်ခံနေတဲ့သဘောလို့ထင်ရင် မှားသွားမယ်..။တကယ်က ကျွန်တော်ပြန်မဖြေချင်လို့..။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်းမညာချင်ဘူး..။ မညာဘဲလည်း သူ့ကိုပြောမပြချင်ဘူး..။ ပြောပြခွင့်မရှိဘူးလို့ သုံးရင်ပိုမှန်မလား..။ အခုချိန်မှာ ကျွန်တော်သူနဲ့မျက်လုံးချင်းမဆုံမိအောင် ကြိုးစားနေရုံအပြင် တခြားတတ်နိုင်တာမရှိ..
"ရှောင်ဟွား.. ငါမေးတာဖြေလေ..။ အေး.. မင်းငါ့ကို စိတ်ဆိုးနေတယ်ဆိုရင် ငါဘာလုပ်မိလို့လဲဆိုတာကိုဖြေ..။ ဒီလိုတိုင်းဆက်နေနေမယ်ဆိုရင် ငါသည်းမခံနိုင်တော့ဘူးနော်..။"
ဘာလုပ်မိလို့လဲ...ဆိုတော့ ကျွန်တော်ဘယ်လိုအဖြေကို ဖြေသင့်လဲ..။ တကယ်တမ်းပြောရရင် အဲ့ဒီ့နေ့က ကျွန်တော်စိတ်လွတ်သွားခဲ့တာ.. ကျွန်တော့်အပြုအမူတွေကို မဖော်ပြခဲ့သင့်မှန်း စိတ်တိုတိုနဲ့အိမ်ထိပြန်လာပြီးကာမှ တွေးမိသည်လေ..
YOU ARE READING
ကျွန်တော် မြတ်နိုးရသော
Fanfictionအရာအားလုံးပြီးပြည့်စုံနေတဲ့သူလို့ ကျွန်တော်ထင်နေတဲ့ Zhang Qiling အမြဲလိုလို ကံဆိုးနေတတ်တဲ့ ကျွန်တော့် နာမည်က Wu Xieလေ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ဆက်နွယ်နေလဲတော့ ကျွန်တော် မသိဘူး ဒါပေမယ့် မမျှော်လင့်ဘဲ ကျွန်တော် လျှာရှည်မိတဲ့ ကိစ္စတ...