Chapter 27: crossing a line

8.8K 1.4K 54
                                    

ကျိုးဇယ့်မုန် မျက်လုံးတွေ ပြူးပြာသွားတယ်
"ကျုံးယိပင်း နင်အဲ့ဒါဘာသဘောလဲ?"

"မစ္စစ်ကျိုး,ဒါရိုက်တာက ခုအလုပ်ကိစ္စ ဆွေးနွေးလက်စဖြစ်နေလို့ပါ ကျေးဇူးပြုပြီး အပြင်မှာစောင့်နေပေးပါ"
အတွင်းရေးမှူးကျင်က တောင်းဆိုတယ်
လက်ထောက်ဒါရိုက်တာလီကတော့ ဘေးမှာ ဘာမှ၀င်မပြောပဲ ရပ်နေတယ်

ကျိုးဇယ့်မုန် စိတ်ပျက်တဲ့အမူအရာနဲ့ အတွင်းရေးမှူးကျင်နောက်ကနေ reception roomထဲကို လိုက်သွားတယ်
ပထမတော့ သူမ ပြန်မလို့လုပ်ပေမယ့် ခနလောက်တွန့်ဆုတ်တွန့်ဆုတ် လုပ်နေပြီးတော့ စောင့်နေဖို့ပဲ ဆုံးဖြတ်လိုက်တယ်
သူ reception roomထဲက ဆိုဖာပေါ်မှာ ထိုင်စောင့်နေတုန်း အတွင်းရေးမှူးကောင်မလေးတစ်ယောက်က instant coffeeတစ်ခွက် လာချပေးတယ်

"လတ်လတ်ဆတ်‌ဆတ် ကြိတ်ထားတဲ့ ကော်ဖီမရှိဘူးလား?"
သူတစ်ကျိုက်သောက်ကြည့်ပြီးတော့ ကျိုးဇယ့်မုန် မျက်ခုံးတွေကျုံ့သွားတယ်

"instant coffeeနဲ့ green teaအထုပ်ပဲရှိပါတယ်"
ကောင်မလေးက တောငးတောင်းပန်ပန် အမူအရာနဲ့ပြောတယ်
အမှန်တော့ ဒါရိုက်တာ ရုံးခန်းထဲမှာ အရသာကောင်းတဲ့ Biluochun တစ်ဘူးရှိတယ်
ဒါပေမယ့် ဒါရိုက်တာက ချူးချင်တစ်ယောက်ကိုပဲ သောက်ခွင့်ပေးတာ
ကျန်တဲ့သူတွေကတော့ ရိုးရိုးteaအထုပ်တွေပဲ သောက်ရတာပေါ့

"အင်း ထားလိုက်တော့"
ကျိုးဇယ်မုန်က ဒီကို လာခဲတယ်
တစ်ခါတစ်ရံ shoppingထွက်တုန်း credit card limit ကုန်သွားမှ ကျုံးယိပင်းဆီပိုက်ဆံချေးဖို့ပဲ လာတတ်တာ

ကျုံးယိပင်းက လက်ထောက် ဒါရိုက်တာလီနဲ့ budgetကိစ္စ ဆွေးနွေးပြီးသွားတော့ နောက်ထပ် planတစ်ခုကို ဂရုတစိုက်ကြည့်နေတယ်
ဒီ planက capitalများများနဲ့ မြင်ကွင်းအနေအထား‌ တွေ စက်ပစ္စည်းတွေ နောက်ပိုင်းထုတ်လုပ်ရေးအဖွဲ့ တွေအပေါ် အခြေခံပြီး ဆွဲထားတာ
အရှေ့ကဟာနဲ့ လုံး၀ကို တစ်ခြားစီ
သူအဲ့ဒါကို ခနလောက် ထပ်စဉ်းစားပြီးတော့ ချူးချင်ဆီဖုန်းခေါ်လိုက်တယ်

"Hello,ချူးချင်ပြောနေပါတယ်"
ကြည်လင်ပြီး သာယာတဲ့အသံချိုချို‌လေးက တစ်ဖက်ကနေ ထွက်လာတယ်
ချက်ချင်းဆိုသလိုပဲ ကျုံးယိပင်းကို အားတွေရှိသွားစေတယ်

I Have An Amnesia Don't Be Noisy (ဘာသာပြန်) [Completed]Where stories live. Discover now