Chapter 98 : Chu Family

6.6K 1.2K 32
                                    

"လာပါပြီ-----"
ကျယ်လောင်ရှင်းလင်းတဲ့ တုံ့ပြန်သံပြီးနောက်  လေးလံတဲ့တခါးဟာ ကျွီခနဲပွင့်လာတယ်။ တံခါးဘေးမှာ ရပ်နေတာက အိမ်နေရင်းအ၀တ်အစားကိုသပ်ရပ်စွာ၀တ်ဆင်ထားတဲ့ အသက်လတ်ပိုင်းအမျိုးသမီးကြီးတစ်ဦး။ သူမက အသက်အရွယ်ရလာပြီဖြစ်သော်လည်း သူမကိုယ်သူမ ကောင်းကောင်းထိန်းသိမ်းထားမှုကြောင့် လှပတဲ့အမျိုးသမီးတစ်ဦးရုပ်ရည်ရှိနေသေးတယ်။ သူမရဲ့ရုပ်ရည်အသွင်ပြင်တွေက ချူးချင်နဲ့တူတယ်၊ နှုတ်ခမ်းတွေကလွဲလို့၊ သူမနှုတ်ခမ်းတွေက ချူးချင်နှုတ်ခမ်းထက်ပိုထူတယ်။ တင့်တယ်ခမ်းနားလှတဲ့အပြုံးတစ်ပွင့်ကို ထိုနှုတ်ခမ်းတွေပေါ်မှာ ဆင်ယင်ထားလေတယ်။

"သား"
ချူးမာမား တံခါးကိုဖွင့်လိုက်ချိန် အပေါက်၀မှာရပ်နေသည့်သားဖြစ်သူကိုမြင်တော့ သူမအပြုံးတွေက ပိုပြီးတောက်ပလာတယ်။ သူမသားဘေးက 'ချွေးမမဟုတ်သော ချွေးမ'ဆီသို့ လှည့်ကြည့်လိုက်မိချိန်မှာတော့ သူမမျက်နှာပေါ်ကအပြုံးဟာ တဒင်္ဂမျှတောင့်တင်းသွားတယ်။

သူမသားက အိမ်ကိုလက်တွဲဖော်ခေါ်လာခဲ့မယ်ပြောထားတယ်လေ။ အဲ့တော့ ချူးမာမားကဖြင့် အခုရက်ပိုင်းအတွင်း သူ့သားနဲ့ရင်းနှီးတဲ့ အမျိုးသမီးကြယ်ပွင့်တွေ၊ မင်းသမီးတွေ၊လူချမ်းသာဒုတိယမျိုးဆက်သခင်မလေးတွေအကုန်ကို လိုက်ကြည့်နေတာ‌။ မဟုတ်မှ အရပ်ရှည်ရှည်နဲ့ လှပသွယ်လျတဲ့ ဒီမော်ဒယ်လေးများလား၊ ဒီပိန်ပိန်ပါးပါးနဲ့ နူးနူးညံ့ညံ့အဆိုတော်လေးများလား၊ဒီအရည်ချင်းရှိရှိ ဂုဏ်မြင့်မြင့်နဲ့ လေဒီဘော့စ်လေးများလား၊ နွေးနွေးထွေးထွေး ကြည်နူးစရာလေးပြုံးတတ်တဲ့ ဒီကြယ်ပွင့်လေးများလားဆိုပြီးပေါ့...

သူမ ခေါင်းထဲတစ်ခါမှတောင် စိတ်ကူးစိတ်သန်းလေး ဖြတ်လို့မလာဘူး၊ သူမသားဘေးမှာရပ်နေမယ့် သူက အရပ်ရှည်ရှည် သွယ်သွယ်လျလျ လှပပြီး အရည်ချင်းရှိလို့ နွေးထွေးစွာလည်း ပြုံးတတ်တဲ့.....ယောက်ျားသားတစ်ယောက်ဖြစ်နေလိမ့်မယ်လို့။

"အမေ...."
ချူးချင် လက်ထဲကပစ္စည်းတွေကို သူ့အမေဆီပေးလိုက်ပြီး အသာချောင်းဟန့်လိုက်တယ်။
"ဒါက ရှန်းရှီရဲ့ဒါရိုက်တာကျုံးယိပင်းလေ,အမေတို့ အရင်က Tv ထဲမှာမြင်ဖူးမယ်ထင်တယ်"

I Have An Amnesia Don't Be Noisy (ဘာသာပြန်) [Completed]Where stories live. Discover now