Chapter 28:Big fish

9K 1.4K 115
                                    

ခွက်တွေကို ဟိုလူ့ဘက် တွန်းပေးလိုက် ဒီလူ့ဘက်တွန်းပေးလိုက်နဲ့ နောက်ဆုံးတော့ သူတို့ စားလို့သောက်လို့ ပြီးသွားတယ် ။
အဲဒီအချိန်မှာတော့ ကျုံးယိပင်းနဲ့ ကျိုးယွမ်ရဲ့ ဆက်ဆံရေးကလည်း 'ယွမ်ကော'တွေ 'အားပင်း'တွေ ခေါ်ရလောက်တဲ့အထိ ရင်းနှီးသွားတာ‌ပေါ့လေ။
marketing acc ကိစ္စ စုံစမ်းဖို့အတွက်ကတော့ ကျိုးယွမ်က သူကိုင်တွယ်မှာလို့ ပြောတယ်။
သူကိုယ်တိုင်ပဲ စုံစမ်းပေးမှာမို့လို့ ဘယ်သူ့ကိုမှ ပေးမသိဖို့လဲမှာတယ်။

ကျိုးယွမ်က အလာတုန်းကတော့ သူဘာသာကားမောင်းလာတာပဲ ဒါပေမယ့် အခု သူကသောက်ပြီးမူးနေတော့ သူ့ဘာသူပြန်ဖို့မဖြစ်နိုင်တော့။
ကျုံးကျာပင်းက driverကို သူ့အရင်လိုက်ပို့ခိုင်းဖို့ ပြောပေမယ့် ကျိုးယွမ်က လက်ခါပြီးငြင်းတယ်။
သူ့ဘာသူ driverတစ်ယောက်အငှားခေါ်ကာ သူတို့ကို နှုတ်ဆက်ပြီး ပြန်သွားတယ်။

အဲ့ချိန်မှာ ယွီထန်ကလည်း သူ့အဖော်တစ်ယောက်ကို အပြင်လိုက်ပို့ပေးတာနဲ့ လာကြုံတယ်။
ဟွမ်းဒုန်က သူ့ဟာသူ driverပါတာကြောင့် ယွီထန်ကို အလုပ်မရှုပ်စေပဲ ထွက်သွားတယ်။

စောင့်နေတဲ့နေရာမှာပဲ လူနှစ်စုလာတွေ့တယ်။
ကျုံးယိပင်းက မျက်၀န်းနက်နက်တွေနဲ့ သီးသန့်ဆန်နေတဲ့ ယွီထန်ကိုကြည့်ကာ လက်လှမ်းပြလိုက်ပြီး
"ဒါရိုက်တာယွီ, တိုက်ဆိုင်လိုက်တာဗျာ"

ယွီထန်ကလည်း ကျုံးယိပင်းကို ပြန်ကြည့်ပြီး
"ကျုံးဒါရိုက်တာနှစ်ယောက်က တော်တော် သောက်ခဲ့ပုံရတယ်, ကျ‌နော်နဲ့ အမူးပြေလက်ဖက်ရည်တစ်ခွက်လောက်လိုက်သောက်ရင်ရော"

"ဒါဆိုလဲ အားနာမနေတော့ပါဘူး"
ကျုံးကျာပင်းက သူ့ညီ၀င်မပြောနိုင်ခင်ပဲ အရင်လက်ခံလိုက်တယ်။

ကျုံးကျာပင်းက ‌ကြောင်တောင်တောင်နဲ့ကြည့်နေတဲ့ ကျုံးယိပင်းကို lobbyထဲ ပြန်ဆွဲခေါ်သွားတယ်။
lobbyရဲ့ဘေးမှာ alcoholရဲ့ အရှိန်ကို လျှော့ချပေးတဲ့ လက်ဖက်ရည်ရတဲ့ tea roomတစ်ခုရှိတယ်။

"ဒါရိုက်တာကျုံးက ကျနော့်ကို အထူးတလည်စောင့်နေပုံထောက်တော့ ကျနော့်ကိုပြောချင်တာများရှိလို့လား?"
ယွီထန်က မူးနေတဲ့ပုံ နဲနဲမှမပေါ်ပေ။
သူက ဥရောပစတိုင်ဆိုဖာပေါ်မှာ ထိုင်ပြီး ကျုံးကျာပင်းဆီကို ‌လှမ်းကြည့်နေတယ်။

I Have An Amnesia Don't Be Noisy (ဘာသာပြန်) [Completed]Where stories live. Discover now