Chapter 96 : House

6.8K 1.2K 137
                                    

ငါနဲ့အတူ အိမ်လိုက်ခဲ့တဲ့....အိမ်လိုက်ခဲ့ရမယ်....

ဒီစကားတစ်ခွန်းက ကျုံးယိပင်းစိတ်ထဲမှာ ထပ်ခါတလဲလဲ တဝဲလည်လည်။ သူ့ရဲ့လန့်ဖျပ်သွားတဲ့ အမူအရာက ဖြည်းဖြည်းချင်း ပြေလျော့လာပြီး နှုတ်ခမ်းထောင့်စွန်းတွေကလည်း ပုံမှန်ပြန်ဖြစ်လာတယ်။
"မင်းမိဘတွေနဲ့တွေ့ဖို့လား?"

သူ့မိသားစုကိုတော့ သူဟာယောကျ်ားလေးတစ်ယောက်ကိုကြိုက်နေတဲ့အကြောင်း မှတ်ဉာဏ်မကွယ်ခင်က ပြောပြပြီးဖြစ်တယ်။ သူမှတ်ဉာဏ်ဆုံးရှုံးပြီးနောက်တော့ သူတို့နှစ်ယောက်အတူနေဖို့ကိစ္စကို ကျုံးမိသားစုက ထုတ်မပြောပေမယ့်လည်း လက်ခံပြီးဖြစ်သည်။ ချူးချင်ကို သဘောမကျဆုံးဖြစ်တဲ့ ကျုံးမာမားကတောင် ချူးချင်ကို ကသိကအောက်ဖြစ်စရာဘာမှပြောသွားခြင်းမရှိပဲ ရှို့တို့ရှန်းတန်းနဲ့ ပိုက်ဆံတောင်ပေးသွားသေးတာပင်။

မသိသေးတာကတော့ ချူးချင်မိဘတွေပဲ။

အမှန်တော့ ကျုံးယိပင်း ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ အမြဲခိုအောင်းနေခဲ့ရတာပင်၊ သူ့ကမ္ဘာကြီးထဲမှာ ချူးချင်တစ်ယောက်သာလျှင် ရှိတယ် ; တခြားဘယ်သူ့ကိုမှ သူမမှတ်မိပေ။ ဒါပေမယ့် ချူးချင်အတွက်ကတော့ အဲ့လိုမဟုတ်ဘူး - သူ့မှာ အသက်မွေး၀မ်းကြောင်းအလုပ်အကိုင်၊မိသားစု၊သူငယ်ချင်း စတာတွေရှိသေးတယ်။ ချူးချင်က အရမ်းလိမ္မာ‌ရေးခြားရှိပြီး သားဝတ္တရားကျေပွန်တာသူသိတယ် ၊လစဉ် သူ့မိဘတွေအတွက် ပိုက်ဆံအများအပြား ပို့ပေးတာတွေရောပေါ့။ စားစရာမျိုးစုံနဲ့ ပစ္စည်းမျိုးစုံတောင်အမြဲပို့ပေးပြီး ဖုန်းကလည်း နှစ်ရက်ခြားတစ်ခါတိုင်းဆက်လိုက်ရမှ။

အခု ချူးချင်က အလိုက်တသိ သူ့ကိုမိဘတွေနဲ့ တွေ့ပေးဖို့အကြောင်းပြောလာပြီ၊ ဆိုလိုချင်တာက သူတို့ relationshipအကြောင်းကို လူသိရှင်ကြားဖွင့်ဟပြတော့မယ်လို့ ပြောချင်တာ ဟုတ်တယ်မလား။ ဒီကိစ္စကို ကျုံးယိပင်းဘယ်လိုလုပ် မပျော်ပဲ နေနိုင်မှာလဲ? 

ကျုံးယိပင်း မျက်ဝန်းတွေ လင်းလက်နေတာမြင်တော့ ချူးချင်အကြည့်တွေနူးညံ့လာလေတယ်။ သူ ကျုံးယိပင်းခေါင်းကို ပွတ်လိုက်ပြီး
"အင်း,မင်းကို ငါ့အဖေအမေနဲ့တွေ့ဖို့ ခေါ်သွားမယ်"

I Have An Amnesia Don't Be Noisy (ဘာသာပြန်) [Completed]Where stories live. Discover now