Zawgyi
" မေမေ ဒီနေ့သားကို ဖေဖေနဲ့အတူ ကျောင်းလာကြိုရမယ်နော် "
" အင်းပါ သားလေးရယ် "
သူမသည် ဟိုးအဝေးကြီးကိုသာ မျက်နှာငယ်ငယ်နှင့် မျှော်ကြည့်နေခဲ့မိသည်။
" သားလေး.. ကျန့်ကျန့် "
" ဗျာ မေမေ "
" မေမေ့သားလေးက ၆ နှစ်တောင်ရှိပြီဆိုတော့ လူကြီးလေးဖြစ်နေပြီပေါ့ "
" ဘယ်ကသာမေမေကလဲ ဖေဖေကပြောတာ သား ၁၈ ပြည့်မှလူကြီးဖြစ်တာတဲ့ "
" မေမေ့အတွက်ကတော့ သားလေးက လူကြီးပေါက်စလေးပဲ.. လာပါဦး လူကြီးလေးကိုနမ်းဦးမယ် "
" ဟား ဟား.. မေမေ ယားတယ် မလုပ်နဲ့လို့ ဖေဖေရေ လာပါဦး ဟီး ဟီး "
" မေမေ့သားလေးက လိမ္မာတယ်ဟုတ်တယ်မလား "
" ဒါပေါ့ မေမေရဲ့ "
" ... တစ်နေ့နေ့မေမေမရှိတော့တဲ့အချိန်ဆို သားလေးကဖေဖေ့အပေါ်မဆိုးရဘူးနော် လိမ်လိမ်မာမာနဲ့စာကြိုးစား "
" မေမေကဘယ်သွားမှာမို့လဲ "
" ဘယ်မှမသွားဘူး သားလေးနားမှာအမြဲရှိနေပြီး စောင့်ရှောက်ပေးမှာနော် "
" ဟီး.. ဟုတ် မေမေ "
" ဟိုမှာ သားဖေဖေထွက်လာပြီ ကျောင်းသွားရတော့မယ် "
" သား ကားပေါ်ကစောင့်နှင့် "
" ဟုတ် ဖေဖေ.. မေမေ တာ့တာနော် "
" သွားတော့မယ်နော် ဂရုစိုက်ဦး "
" အင်း စိတ်ချပါ "
ညနေကျောင်းဆင်းချိန်ရောက်လို့ ရှောင်းကျန့်ပျော်ပျော်ရွှင်ရွှင် ထိုင်ခုံပေါ်ထိုင်စောင့်နေခဲ့သည်။
" ဟာ ဟိုမှာ ဖေဖေ့ကား.. ဆရာမ သားသွားတော့မယ်နော် "
" အေး ကျန့်ကျန့်လေး ဖြည်းဖြည်းသွား "
" ဖေဖေ.. မေမေရောမပါဘူးလား ဒီနေ့လာကြိုရင်လိုက်ခဲ့မယ်ဆိုပြီးတော့ "
" ... သားမေမေက နေသိပ်မကောင်းလို့ "
" ဟင် မနက်ကမှအကောင်းကြီး .. ဒါနဲ့လေ ဖေဖေ နွေရာသီကျောင်းပိတ်ရက်ကျ င် မေမေနဲ့လျှောက်လည်ကြရအောင်နော် "