Zawgyi
နွေးထွေးတဲ့နေရောင်ခြည်က
ရှောင်းကျန့်ကိုပျော်ရွှင်စေခဲ့တယ်။
ပန်းခြံလေးကလည်း
ရှောင်းကျန့် ကိုပျော်ရွှင်စေခဲ့တယ်။
ဝက်သစ်ချပင်အောက်ထိုင်ပြီး စာဖတ်ခြင်းကလည်း ရှောင်းကျန့်ကိုပျော်ရွှင်စေခဲ့တယ်။အခုတော့အဲ့အရာတွေက ရှောင်းကျန့် ရင်ဘတ်ကိုတစ်စဆီဖြစ်အောင်နင်းချေခဲ့တဲ့အရာတွေဖြစ်နေပြီ။
အရာအားလုံးက ရှောင်းကျန့် အမှား။
တစ်နေ့လယ်ခင်းမှာ ပန်းခြံကိုသွားခဲ့တာ သူ့အမှား။
ဝမ်ရိပေါ် ကြိုက်တဲ့ Stephan King ရဲ့ The Green Mile စာအုပ်ကိုရည်ရွယ်ချက်ရှိရှိနဲ့သွားငှားခဲ့တာလည်း သူ့အမှား။
အကြီးမားဆုံးအမှားကတော့ သူတို့နှစ်ယောက်စတွေ့တဲ့နေ့ ဝက်သစ်ချပင်အောက်မှာ သွားထိုင်မိခြင်းပင်။ရိပေါ် အမှန်ကိုသိပြီး သုံး လေးရက်လောက်မတွေ့ဖြစ်ကြ။အဆင်ပြေခဲ့တဲ့လတွေက အမှားအသေးလေးအတွက်နဲ့ပျက်စီးသွားတာကိုတော့ ရှောင်းကျန့် မအီမသာဖြစ်မိသည်။ဒီအမှားလေးကြောင့်ပဲ ရှောင်းကျန့်နောက်တစ်ခေါက် ဝက်သစ်ချပင်အောက်ထိုင်နေမိပြန်သည်။တကယ်ပင် သူ ရိပေါ်ကိုတွေ့နိုင်မည် ဟူသောမျှော်လင့်ချက်ဖြင့်လာထိုင်စောင့်နေခြင်းဖြစ်သည်။လက်ထဲမှာလည်း Stephan ရဲ့စာအုပ်တစ်အုပ်နဲ့ပေါ့။သူ့ကို ကံကြမ္မာကြီးကအခွင့်အရေးတစ်ကြိမ်ထပ်ပေးလိမ့်မယ်လို့မျှော်လင့်နေတုန်းပင်။
အတွေးဖြတ်ပြီး စာအုပ်ကိုလှန်လိုက်ချိန်တွင်ပဲ သူ့အပေါ်အရိပ်တစ်ခုကအုပ်မိုးလာတော့ မျက်မှောင်ကြုံ့ကာမော့ကြည့်လိုက်လေသည်။သူ့ဆန္ဒတွေပြည့်ဝခဲ့ပြီ။အဲ့မှာပဲ ရိပေါ်က သူ့ရှေ့မှာရပ်နေခဲ့တယ် စိတ်ပျက်ခြင်း ၊ ပျော်ရွှင်ခြင်း မရှိတဲ့အမူအရာဖြင့်။
ရိပေါ် သူ့ရဲ့ဘယ်ဘက်ကနားလာထိုင်တာကို ငေးနေခဲ့တယ်။ထိုင်ပြီးပြီးချင်း ရှောင်းကျန့် သူ့ကိုစူးစိုက်ကြည့်နေခဲ့ကာ တစ်ခုခုကိုပြောချင်သလို ပါးစပ်ဖွင့်လိုက် ပိတ်လိုက် လုပ်နေခဲ့သည်။
" မင်းတစ်ခုခုပြောမလို့လား "
ဝမ်ရိပေါ်ကမေးလိုက်သည်။