Zawgyi
ရှောင်းကျန့် စာကြည့်တိုက်ရှေ့က ခုံစောင်းလေးပေါ်ထိုင်နေသည်မှာမည်မျှကြာသည်မသိ။တစ်ကိုယ်လုံး ပျော့ဖတ်နုံးနေသည်မှာ ထိမိလိုက်လျှင်ပင် လေနှင့်အတူလွင့်မျောသွားမှာ ကြောက်ရသည်။
ဝမ်ရိပေါ် သူ့ကို သိခဲ့တဲ့အချိန် ၊ ဝမ်ရိပေါ် သူ့ကိုချစ်နေခဲ့တဲ့အချိန် ပြီးတော့ ဝမ်ရိပေါ် ဟာ သူ့အပိုင်ဖြစ်နေခဲ့တဲ့အချိန် တွေကို ပြန်ရောက်ချင်လှပါသည်။လက်ရှိအချိန်မှာတော့ ဝမ်ရိပေါ် ဟာ ရှောင်းကျန့် အကြောင်းဆိုလို့ သူ့ကိုအမြဲနောက်ယောင်ခံလိုက်နေတဲ့ homo တစ်ယောက်လို့သာသိထားခြင်းပင်။
အဲ့နေ့ကအကြောင်းကိုတွေးမိလေ သူလုပ်ခဲ့သည်ကို ယူကြုံးမရလေဖြစ်ပြီး ကိုယ့်ခေါင်းကိုသာရိုက်ခွဲပစ်လိုက်ချင်သည်။သူအရှုံးပေးချင်နေပြီ....။
အရင်ကလို ဝမ်ရိပေါ် သူ့ကိုအကောင်းမြင်အောင် ကြိုးစားခဲ့ပြီးပြီ။သူတို့နှစ်ယောက်ရဲ့ ပျောက်ဆုံးနေတဲ့ ချစ်ခြင်းတွေကိုလည်းမြင်နိုင်အောင် ကြိုးစားခဲ့ပြီးပြီ။ဝမ်ရိပေါ် သူ့ကိုပြန်ချစ်လာအောင်လည်း
ကြိုးစားခဲ့ပြီးပြီ။သူကြိုးစားခဲ့သမျှတွေက အရာမထင်တဲ့အပြင် ဝမ်ရိပေါ် သူ့ကိုမုန်းသွားဖို့ပါ အကြောင်းဖန်ခဲ့သည်လေ။လက်မြှောက်အရှုံးပေးချင်သည့်တိုင် သူဘာလို့ ဒီစာကြည့်တိုက်ရှေ့ရောက်နေပြန်လည်းဆိုတာ မသိ။ ခုချိန်ထိ နားမလည်သေးပါ အရှုံးပေးလိုက်ဖို့ ဘာလို့အဲ့လောက်ခက်နေလဲဆိုတာ။
ဆိုင်ကယ်ဦးထုပ်ကိုချွတ်ကာ ခြေလှမ်းများက စာကြည့်တိုက်ဆီသို့တရွေ့ရွေ့။သို့သော် အထဲမရောက်ခင် ရိပေါ် အပြင်သို့ထွက်လာသည်ကိုမြင်ရာ အမြန်ပင်ပြေးလာခဲ့သည်။ပြေးလာသံကြားသော ရိပေါ်သည် တစ်ချက်နောက်လှည့်ကြည့်ကာ တိုးတိတ်စွာပြောလေသည်။
" သူ.. လာပြန်ပြီလား "
ရှောင်းကျန့် စိတ်လှုပ်ရှားစွာ နှုတ်ခမ်းကိုဖိကိုက်ထားပြီး ရည်းစားဟောင်းက သူ့အကြည့်တွေကိုမရှောင်ခွာဖို့ဆုတောင်းနေခဲ့သည်။သူ့ဘက်ကသာပြုံးပြခဲ့သော်လည်း ရိပေါ်ကမူ မျက်မှောင်ကြုံ့ထားလေသည်။