Chapter - 15

352 33 0
                                    

Zawgyi

ပထမဆုံးအကြိမ် ရှောင်းကျန့် ဆိုင်ကယ်မှန်ပေါ်မှသူ​၏ပုံရိပ်ကိုအချိန်အတော်ကြာစိုက်ကြည့်နေမိသည်။အပြင်ပန်းကကြည့်လျှင် အေးဆေးသည်ဟုထင်ရသော်လည်း ဘယ်သူမှမမြင်နိုင်သော သူ​၏ရင်ထဲတွင်တော့ ပြိုင်ကားအစီးတစ်ရာလောက်ဖြတ်မောင်းနေသည့်နှယ်...

သူ့ဆုံးဖြတ်ချက်ကိုနောင်တရချင်နေမိသည်။သို့သော် မြို့တွင်းစာကြည့်တိုက်ရှေ့တွင်ရောက်နေပြီဖြစ်သော ခန္တာကိုယ်သည်ကား စိတ်​၏ဆန့်ကျင်ဘက်တွင်ဖြစ်နေသည်။ရှောင်းကျန့်သည်ကား ဘယ်သောအခါမျှ စာကြည့်တိုက်ကိုလာလေ့မရှိပေ။စာဖတ်သည့်ကိစ္စမှု သူအားသန်ရာမဟုတ်။စာအုပ်တစ်အုပ်မပြောနှင့် စာတစ်ကြောင်းဖတ်ပြီးအများကြီးတွေးတတ်သည့်သူမဟုတ်သဖြင့် စာဖတ်ခြင်းကသူနှင့်မကိုက်ညီဟုခံယူထားလေသည်။သို့ပေသိ ဒီနေ့ကတော့ ထူးခြားသည့်နေ့တစ်နေ့ဖြစ်ပေသည်။

ရှောင်းကျန့် ခဏတာစာကြည့်တိုက်ဘက်ငေးမောကြည့်လိုက်ပြီးနောက် အိတ်ထဲရှိဓာတ်ပုံဟောင်းလေးတစ်ပုံထုတ်ကာ ဝမ်းနည်းစွာဖြင့်ပြုံးလိုက်လေသည်။ထိုပုံတွင် ရိပေါ် က ရှောင်းကျန့်ပါးတစ်ဖက်ပေါ်အား သူ​၏နီရဲရဲနှုတ်ခမ်းပါးတစ်စုံကိုကပ်ထားလျက်ရှိသည်။သည်ပုံသည်ကား ရှောင်းကျန့်အိမ်သို့ ရိပေါ်စာလာလုပ်တုန်းကရိုက်ထားသည့်ပုံဖြစ်သည်။ထိုအချိန်တုန်းကတော့ သူ့ဆံပင်သည် အနက်ရောင်ဖျော့တော့တော့ နဖူးပေါ်သို့ဝဲတဲတဲဖြင့်အလွန်ကလေးဆန်လှသည်။ပုံကိုတစ်ဖက်သို့လှန်လိုက်လျှင် " You're always mine and I'm always yours " ဆိုသည့် ရိပေါ်ရေးထားသည့်စာကြောင်းလေးကိုတွေ့ပြီး ရှောင်းကျန့်နှလုံးသားလေး ဟိုးအောက်ဆုံးထိထိုးကျသွားသလိုခံစားလိုက်ရသည်။

ပုံလေးအားအိတ်ထဲပြန်ထည့်လိုက်ပြီး မကြာသေးခင်ကမှပြုလုပ်ထားသည့် စာကြည့်တိုက်ကဒ်လေးအားထုတ်ကာ တံခါးပေါက်ဆီသို့ဦးတည်သွားလိုက်လေသည်။ဝင်ဝင်ချင်းမှာပင် စာအုပ်အငွေ့အသက်များနှင့် တိတ်ဆိတ်မှုသည် သူ့အားကြိုဆိုနေသည်။ထိုအခြေအနေအား ရှောင်းကျန့်မကြိုက်သော်ငြားလည်း ရိပေါ်အတွက်လုပ်ရမည်ဖြစ်သည်။အသက်ဝဝရှူလိုက်ကာ စာအုပ်စင်ကြားတွေအတိုင်း လျှောက်သွားလိုက်ပြီး တွေ့သည့်စာအုပ်ခပ်ထူထူတစ်အုပ်ကိုယူလိုက်ပြီးသည့်နောက် စင်္ကြံအတိုင်းဆက်လျှောက်သွားလိုက်သော် သူမျှော်လင့်နေသောသူသည် တစ်နေရာတွင်ထိုင်ကာ စာအုပ်ကိုစိတ်ဝင်တစားဖတ်ရှူနေလေသည်။
ရှောင်းကျန့် ဘာလုပ်ရမှန်းမသိသလို ဒီတိုင်းသာရပ်နေမိပြီး တိတ်တဆိတ်ကိုယ့်ဟာကိုယ်ကျိန်ဆဲလိုက်မိသည်။

Miracles of youDonde viven las historias. Descúbrelo ahora