Zawgyi
ရှောင်းကျန့်အိမ်မှာ ဖြစ်ပြီးတဲ့အဖြစ်အပျက်နောက်ပိုင်း ရိပေါ်ဟာ သူ့ကိုသိသိသာသာရှောင်လာတော့သည်။
အခန်းထဲမှာဆိုလျှင် ရှောင်းကျန့်ဘက်တစ်ချက်မှလှည့်မကြည့်။
ထမင်းစားဆင်းသည့်အချိန်တွင်လည်း လျှပ်စီးထက်မြန်သောအရှိန်ဖြင့် ပျောက်ပျောက်သွားတတ်သည်။ရှောင်းကျန့်အရင်စကားပြောပြီဆိုလျှင်လည်း အကြောင်းအမျိုးမျိုးပြပြီးထွက်ပြေးတတ်သည်။
ကြာတော့ ရှောင်းကျန့်စိတ်အလိုမကျဖြစ်လာရတော့သည်။တစ်ရက်ညနေကျောင်းဆင်းချိန် ရိပေါ်မပြေးခင် ရှောင်းကျန့်အမိဖမ်းပြီး ကျောင်းအိမ်သာထဲသို့ဆွဲခေါ်ခဲ့လိုက်သည်။
" ရှောင်းကျန့် မင်းဘာလို့ငါ့ကိုဒီခေါ်လာတာလဲ "
" ဘာလို့ငါ့ကိုရှောင်နေတာလဲ "
" ငါကမင်းကိုဘာလို့ရှောင်ရမှာလဲ "
" အဲ့ဒါ မင်းအသိဆုံးဖြစ်မှာပေါ့ "
" ငါအချိန်မရှိဘူး သွားတော့မယ် "
" နေဦး မင်းမသွားရဘူး "
ရိပေါ်ကိုနံရံနှင့်ဆွဲကပ်ပစ်လိုက်ပြီး ဘေးတွင်လက်ထောင်ထားလိုက်သည်။
" အကြောင်းပြချက်ပေး "
" ရှောင်းကျန့် .. "
" အင်း "
" ငါတို့မပတ်သက်ဘဲနေရအောင် "
" မနေနိုင်ဘူး "
" ... အဲ့ဒါမင်းအပိုင်းပဲ "
" ဘာလို့လဲ.. မင်းသိလား ငါဘယ်လိုခံစားနေရတယ်ဆိုတာ .. ငါ မင်းကို.. "
" တော်ပါတော့ ရှောင်းကျန့် ငါမကြားချင်တော့ဘူး သွားပါရစေတော့ "
ရှောင်းကျန့်ခဏငြိမ်သက်ပြီး
" ... သွားတော့ မင်းကျေနပ်ရင်ရပြီ "
ရိပေါ်အနောက်ကိုတစ်ချက်လှည့်မကြည့်ဘဲထွက်လာခဲ့လိုက်တော့သည်။
နှစ်ရက် သုံးရက်...
ရှောင်းကျန့်ဒီနေ့ကျောင်းမလာတာနဲ့ဆို သုံးရက်ရှိပြီဖြစ်သည်။ဘယ်သူမှ သူ့အကြောင်းမကြားရပေ။