How dare you-2

2.9K 190 6
                                    


Zawgyi

မြင့်​မားလှတဲ့​မျှော်​စင်​​ပေါ်မှာ ထိုင်​​နေတဲ့က​လေးငယ်​တစ်​​ယောက်​နဲ့ ​ဘေးမှာရပ်​​နေတဲ့လူငယ်​တစ်​​ယောက်

ညအချိန်​မှာ ​ရွေ့လျား​နေတဲ့ကားမီး​ရောင်​​တွေနဲ့ မီး​ရောင်​စုံအိမ်​​တွေကို အ​မြင့်​မှအထက်​စီးဆန်​စွာမြင်​​နေရတယ်

"​ငွေခင်​ ​ငွေခင်​"

အနက်​​ရောင်​ဝတ်​စုံကို ​သေသပ်​စွာဝတ်​ထားတဲ့လူငယ်​က ထိုက​လေး​ခေါ်သံ​ကြောင့်​ ငုံ့ကြည့်​လာတယ်

"လီရာ လူတစ်​​ယောက်​လိုချင်​တယ်​ ​မိဘမဲ့​နေ​ပေမယ့်​ လူ​တွေသတိမထားမိတဲ့ ခွန်​အားအပြည့်​ရှိမယ့်​လူတစ်​​ယောက်​"

"​ကောင်းပါပြီလီရာ ခုဘဲသွားရှာ​ပေးမယ်​"

သွားဖို့​ခြေလှမ်းပြင်​​နေပြီဖြစ်​တဲ့ လူငယ်​ကိုက​လေးငယ်​ကထပ်​​မေးတယ်
"ကြာမှာလား တစ်​​ယောက်​တည်းဆိုလီရာပျင်း​နေမှာ"

လူငယ်​မျက်​နှာမှာ အပြုံးတစ်​ပွင့်​​ပေါ်လာတယ်​ ပြီး​တော့​ပြောတယ်​"မကြာပါဘူး လီရာကဗျာတစ်​ပိုဒ်​ဆို​နေပါ ကဗျာပြီးတာနဲ့ပြန်​လာခဲ့မယ်​"

က​လေးငယ်မှာ ​နောက်​လှည့်​မကြည့်​ဘဲထိုလူငယ်​ ထွက်​ခွာသွားပြီဆိုတာကိုသိသည်​ ဒီချိန်​ဆိုဆယ်​မိုင်​​ကျော်​​လောက်​​ရောက်​​နေ​ရော​ပေါ့

"Twinkle, twinkle, little star,
How I wonder what you are!
Up above the world so high,
Like a diamond in the sky.

When the blazing sun is gone,

When he nothing shines upon,

Then you show your .."

"ပြန်​​ရောက်​ပြီ အသင့်​​တော်​ဆုံးလူတစ်​​ယောက်​ကို ကျွန်​​တော်​​တွေ့ခဲ့တယ်​" ဟယ်​ရီအားရဝမ်းသာစွာ ​ပြောလိုက်​မိတယ်​ က​လေးငယ်​ကဗျာဆိုလို့ မပြီး​သေးတာကို​တောင်​ သိရဲ့သားနဲ့

ထင်​ထားသည့်​အတိုင်း လီရာရဲ့မျက်​လုံးဝိုင်းဝိုင်း​လေး​တွေက ​မှေး​စင်းကာမျက်​​စောင်းထိုးလာပြီး နှုတ်​ခမ်းရဲရဲ​လေးများမှာ အနည်းငယ်​ဆူလာ​တော့သည်​ သူ​လေးအလိုမကျဖြစ်​​နေပါပြီ

How dare youWhere stories live. Discover now