How dare you-7

839 48 14
                                    

Unicode

"ဟယ်ရီမရှိရင် လီရာဆိုတာလဲရှိတော့မှာမဟုတ်ဘူးနော်။ ဟယ်ရီက လီရာ့အတွက်ဘုရားကပေးတဲ့လက်ဆောင်ဘဲ။ နောက်နောင်ဘာတွေဘဲဖြစ်လာဖြစ်လာ လီရာ့အချစ်ဆုံးက
ဟယ်ရီဘဲဆိုတာကိုယုံပါနော်"

အတိတ်ကစကားသံတွေက သူ့နားထဲပဲ့တင်သံပြန်ထပ်နေတယ်။

သက်ပြင်းတစ်ချက်ချပြီးသူ့လက်ကဇွန်းနဲ့ခရင်းကို ပန်းကန်ပြားပေါ်ညီညီညာညာတင်လိုက်ကာ ခက်လှမ်းလှမ်းကိုကြည့်လိုက်တော့ ခြံထဲမယ်ပြေးလွှားကာစွန်နဲ့ဆော့နေတဲ့အိန်ဂျယ်နဲ့ သူမလေးအားကြည့်ပြီးအင်မတန်ပြုံးရွှင်နေသောလီရာကို တွေ့လိုက်ရတယ်။

"မနက်စာသုံးဆောင်လို့ရပါပြီ" ဟုသူကအနီးနားသို့လမ်းလျှောက်ကာပြောလိုက်တော့ အိန်ဂျယ်၏နှုတ်ခမ်းလေးမျာ အလိုမကျမှုနဲ့အတူထော်ထွက်လာတော့သည်။

"ဟယ်ရီကလေ ကြက်မာမားကြီးလိုဘဲ နောက်ကတတွတ်တွတ်နဲ့ အိန်ဂျယ့်ကိုအလွတ်ကိုမပေးဘူးသိလားdaddy" လို့ဆိုကာ ရှေ့ကနေအိမ်ထဲကိုဝင်သွားလေသည်။

ဟယ်ရီကသူမထိုင်ဖို့ခုံကိုဆွဲယူပေးကာ လက်ကိုင်ပုဝါဖြူလေးကိုလဲပေါင်ပေါ်ကို သေချာတင်ပေးနေသည်။
"ဒါတွေက သခင်မလေးကို စိတ်ပူလို့ပြောရတာပါ"

"စိတ်ပူတာကြီးကလဲနော်"
အိန်ဂျယ်ကပြုံးစစနဲ့ဟယ်ရီကိုမျက်စောင်းထိုးတော့ ဟယ်ရီရဲ့မျက်လုံးတွေကလဲ ပြုံးရိပ်သန်းသွားလေသည်။

အနောက်မှ လီရာ့လက်ထဲကကျိုးပဲ့သွားတဲ့စွန်လေးကတော့ အသံတိတ်ဓားစားခံဖြစ်သွားခဲ့ရသည်။

....

"Baby ကျောင်းပိတ်ရက်ဘယ်သွားချင်လဲ"

လီရာအလုပ်လုပ်နေရင်း စိတ်ကူးပေါ်လို့မေးလိုက်တော့ သူမလေးကဝရန်တာမှာမှီပြီးရပ်နေတာကြောင့် တိုက်ခက်လာတဲ့လေညှင်းလေးကြောင့် သူမလေး၏ဆံနွယ်ရှည်တို့မှာအင်မတန်ကိုကဗျာဆန်နေလေသည်။

"အင်း... ပင်လယ်ကြီးဘက်သွားချင်တယ်"

လီရာမှာအနည်းငယ်စဉ်းစားသွားပြီး ခဏအကြာမှာ တံခါးနားရပ်နေတဲ့ဟယ်ရီကို ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့ပြောလိုက်တော့သည်။

How dare youWhere stories live. Discover now