How dare you-8

403 36 13
                                    

Unicode

ပင်လယ်နားသောင်ပြင်ပေါ်မှာ စားစရာတွေကိုဟယ်ရီ နေရာချတုန်း လီရာက နေရောင်ကိုအံတုကာ ဆေးလိပ်သောက်နေလေသည်။

ခဏကြာတော့ အဓိကမင်းသမီးလေးဖြစ်တဲ့ အိန်ဂျယ်အင်္ကျီလဲပြီးလာတော့ အရမ်းလှပသည်ဟုလီရာ၏ချီးမွမ်းသံကို ဟယ်ရီကြားလိုက်ရသည်။ တဆက်တည်းမှာဘဲ အိန်ဂျယ်၏ရယ်သံသဲ့သဲ့လေးကိုလဲ ကြားလိုက်ရ၏။

ခဏအကြာ အိန်ဂျယ်ကကမ်းစပ်နား ရေဆော့ဖို့ဆင်းသွား၍ လီရာလိုက်မည်အပြုတွင် လက်အောက်ငယ်သားတစ်ယောက် သတင်းပို့ရန်ရောက်လာသဖြင့် အလုပ်ကိစ္စအနည်းငယ်တိုင်ပင်ရန် ကျန်ခဲ့လေသည်။

ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးတော့ ခပ်လှမ်းလှမ်းမှအိန်ဂျယ်ကို မျက်ခြေမပျက်အောင် ဟယ်ရီလှမ်းကြည့်နေမိသည်။ ထိုအခိုက် အိန်ဂျယ်မှာ ရေအနက်တော်တော်ရောက်သည်အထိ ရေကူးသွားသည်ကိုသတိထားမိလိုက်တော့ သူ့လက်ထဲကခွက်ကတင်းခနဲဖြစ်သွားရသည်။

ပြန်လာဖို့လက်ဟန်ပြပေမယ့် သူမလေးကရှေ့ဆက်သွားလိုက်သည်ကိုပင်မြင်လိုက်ရသည်။ ထိုစဉ်ကြီးမားသည့်လိုင်းလုံးကြီးကြောင့် အခြားအလုပ်သမားတို့အော်သံကြောင့် လီရာလဲသတိထားမိသွားကာ ပြေး၍လိုက်စဉ် ဘေးမှမြန်ဆန်သောအရှိန်ဖြင့်လူတစ်ယောက်က မျက်တောင်တဖြတ်အတွင်းပြေးသည်ကိုသိလိုက်ပြီး ထိုသူမှာဟယ်ရီဖြစ်သည်ကိုလည်းသူသိတာမို့ ကျယ်လောင်သော တောက်ခေါက်သံထွက်လာတော့သည်။

တစ်ဆက်ထဲမှာဘဲ ဒေါသတို့က သတင်းလာပို့သည့်ငယ်သားနှင့် အလုပ်သမားတို့အပေါ် ပုံကျသွားလေတော့သည်။

.
.

ဟယ်ရီပင်လယ်ရေမျက်နှာပြင်အောက်သို့ ကူးခတ်သွားတော့ ရေထဲလွင့်မြောနေသည့်ဆံနွယ်တို့နှင့်အတူ ရေကူးဝတ်စုံလေးနှင့် သူမလေးကိုတွေ့လိုက်ရသည်။ သူမ၏လက်အားဆွဲယူလိုက်စဉ် သူမလေး၏လှပသောမျက်ဝန်းတစ်စုံကပွင့်လာပြီး စကားပြောချင်ဟန်ဖြင့် နှုတ်ခမ်းတို့ဖွင့်လိုက်တော့ ရှိသောလေအလုံလောက်က ပူစီပေါင်းအဖြစ်ထွက်သွားလေတော့သည်။

ဟယ်ရီလဲမျက်မှောင်ကြုပ်လိုက်မိကာ သူ၏လေတို့အား သူမလေးထံနှုတ်ခမ်းချင်းတေ့ကာ လွဲပြောင်းပေးလိုက်တော့သည်။ တဖြည်းဖြည်းအိန်ဂျယ်လေး၏မျက်နှာတွင် အပြုံးလှလှတို့ကပေါ်ပေါက်လာလေတော့သည်။

How dare youWhere stories live. Discover now