How dare you-9

515 26 6
                                    

Unicode

ထိုညက သူမလေးစိတ်တိုင်းကျအကြာကြီးနေကာ မီးရှုးမီးပန်းများအားလုံးဖောက်ပြီးသည့်အချိန်မှ ပြန်လာခဲ့ကြသည်။ တစ်နေကုန်ပင်ပန်းနေပြီဖြစ်တာမို့ အိမ်တော်ထိန်းများက အိန်ဂျယ်လေးကို ခြေလက်သန့်စင်ပြီးစောစောအိပ်ဖို့ခေါ်သွားတော့သည်။

စာကြည့်ခန်းတွင် လီရာအမှောင်ချကာထိုင်နေတုန်း ဟယ်ရီကဖယောင်းတိုင်း၃တိုင်ဖြင့်ဝင်လာသည်။ ဘာလို့ဖယောင်းထိုင်နဲ့ဝင်လာလဲဆိုတာကိုတော့ ထွေထွေထူးထူးမမေးမိတော့ပေ။

" ဟယ်ရီ မင်းသိပြီးပြီလား ပန်ဒိုရာသခင်ကြီးတို့အကြောင်း"

လီရာရဲ့စကားသံကိုကြားတော့ ဟယ်ရီကတစ်ချက်ကြည့်လိုက်ပေမယ့် ဘာမှမပြောဘဲသာကြည့်နေသည်။ ထိုအခါ လီရာကဆက်၍

" သူတို့ဘာလိုချင်တယ်ဆိုတာကို ပိုပြီးသိသိသာသာမက်မောလာကြပြီ။ ပိုပြီးသတိကြီးကြီးထားသင့်တယ်လို့ ပန်ဒိုရာတစ်အိမ်သားစုလုံးကို ပြောထားလိုက်"

"ကောင်းပါပြီ သခင်ကြီး"
ဟယ်ရီက နောက်နေ့အတွက်အလုပ်စီရင်ခံစာတို့ကို ခုံပေါ်တွင်တင်လိုက်ပြီး "ဒီကျွန်က သခင်ကြီးကိုတစ်ခုလောက်မေးချင်ပါတယ်"

လီရာမျက်ခုံးများပင့်တက်သွားပြီး "ဘာများလဲ"

"လွန်ခဲ့တဲ့၁၀နှစ်က... ဒီကျွန်နဲ့ပေးခဲ့တဲ့ကတိကို သခင်ကြီးမှတ်မိဦးမယ်ထင်ပါတယ်"

လီရာရဲ့မျက်နှာက အနည်းငယ်ခက်ထန်သွားပြီး သူ့ရဲ့နှုတ်ခမ်းကတစ်ဖက်သို့မြင့်တက်သွားသည်။

"ဒါပေါ့ ကောင်းကောင်းမှတ်မိပါတယ်။ ဒါပေမယ့်..
ကတိဆိုတဲ့အရာက အချိန်ကြာရင်ပျောက်ပြယ်သွားတတ်တာလဲ မင်းသိထားသင့်တယ်"

အချိန်တစ်ခုအထိ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေပြီး အခန်းတွင်းအေးစက်မှုတို့ကမြင့်တက်လာသည်။ ရုတ်တရတ် ဟယ်ရီကမျက်လွှာချကာ သူ့ပုံမှန်အတိုင်းနှုတ်ဆက်၍ထွက်သွားလေတော့သည်။

စာကြည့်ခန်းမှထွက်၍ အပေါ်ထက်သို့တက်ကာ အိန်ဂျယ်လေးရဲ့အခန်းထဲဝင်ပြီး မနက်ဖြန်သူမလေးကျောင်းတက်ရန်အတွက် အင်္ကျီကိုစိတ်ကြိုက်ရွေးချယ်လေတော့သည်။

You've reached the end of published parts.

⏰ Last updated: Dec 28, 2022 ⏰

Add this story to your Library to get notified about new parts!

How dare youWhere stories live. Discover now