How dare you-6

845 36 4
                                    

Unicode

လီရာနဲ့ဟယ်ရီတို့ မြို့တော်မှာဖြန့်ဖြူးထားတဲ့ ဈေးကွက်စီးပွားရေးအကြောင်းတွက်ချက်နေတုန်း စာဖတ်ခန်းကကြိုးဖုန်းသံက မြည်လာလေသည်

လီရာကမျက်မှောင်ကြုပ်မိသွားပြီး ဟယ်ရီ၏မျက်ခုံးများကတော့ မြင့်တက်သွားလေသည် ထိုဖုန်းသည် အကြောင်းမရှိဘဲမမြည်တတ်ပေ..။

လီရာဖုန်းကိုကောက်ကိုင်လိုက်တော့ တစ်ဖက်ကအသံချိုချိုလေးက" daddyလား"

"Babyဘာဖြစ်လို့လဲ"

သူမလေးကရဲ့ သက်ပြင်းခပ်သဲ့သဲ့ချသံကိုကြားလိုက်ရပြီး
"ဟင်း...daddyရယ် babeကိုမိဘမဲ့လို့ခေါ်တဲ့ကျောင်းသားတွေကို ဘာလုပ်သင့်လဲ" ဟုဆိုကာသူမလေးက ဘာမှစကားဆက်မဆိုဘဲချသွားလေသည်။

........

ကျောင်းအုပ်ရုံးခန်းထဲကသစ်သားထိုင်ခုံတစ်ခုံပေါ်မှာ အိန်ဂယ်ခြေထောက်လေးလိမ်ကာ ထိုင်နေသည်။ သူမ၏မျက်နှာချင်းဆိုင်တွင်လဲ ကျောင်းသားတစ်ဦးထိုင်နေပြီးသူ၏နောက်တွင် ကျောင်းသား၂ဦးကရပ်နေသည်

အလယ်ကကျောင်းအုပ်ကြီးကလဲခေါင်းရှုပ်နေရပြီ။ တစ်ဖက်ကကျောင်းသူသစ်ကလဲ မည်သူမှန်းသေချာမသိပေမယ့် ခုလိုချက်ချင်းကြီးကျောင်းပြောင်းပြီးရောက်လာပုံအရ ပေါ့သေးသေးတော့မဟုတ်။

အဲ့လိုဆိုတိုင်း တစ်ဖက်ကကျောင်းသားဟောင်းကလဲ မြို့နယ်စား၏တူ ကျောင်းရဲ့အဆိုးတကာ့ဆိုးခေါင် ဂုဏ်ငွေမောက်နေသူ။ ဒီကျောင်း၏ စားသောက်ဖွယ်ရာမုန့်ဈေးတန်းက သူ၏အဖေ၏ရှယ်ရာများသာဖြစ်သောကြောင့် ဆိုဆုံးမ၍လဲမရနိုင်ပေ။

ခုဖြစ်တဲ့ပြဿနာကလဲ ကျောင်းသူသစ်အားအနိုင်ကျင့်စနောက်ပြောဆို၍ သူမလေးကနို့ခွက်နဲ့ကောက်ပက်လိုက်ကာ စားနေတဲ့ပါစတာတွေနဲ့ပါ ပစ်ပေါက်လိုက်သေးသည်ပင်။ ဒီလိုဖြင့်ကျောင်းသားချင်းစကားများတဲ့ကိစ္စက ကျောင်းအုပ်ခန်းထိပါရောက်လာလေသည်။

ကျောင်းအုပ်ကြီးက
"ကျောင်းသူသစ်က ကျောင်းရဲ့စည်းမျဉ်းအချို့နဲ့ကျောင်းကို သိပ်အကျွမ်းမဝင်သေးလို့ပါ ဒီကျောင်းအုပ်ကြီးမျက်နှာနဲ့ဘဲ ကျေအေးပေးလိုက်ပါနော် ကျောင်းသား"

How dare youWhere stories live. Discover now