Zawgyi
"Mamaနဲ့Dadaတို့ညနေပြန်လာခဲ့မယ် လိမ်လိမ်မာမာနေခဲ့နော် ချစ်တယ်darling"
မိခင်ကကနှုတ်ဆက်အနမ်းပေးတယ် ဖခင်ကကလေးငယ်ရဲ့ခေါင်းလေးကိုအသာပုတ်ပြီး မြင်းလှည်းလုံးပေါ်တက်ကာထွက်ခွာသွားကြတယ်
နို့ထိန်းမိခင်ရဲ့ပွေ့ချီခြင်းနဲ့အတူ အသက်၅နှစ်အရွယ်ကလေးလေးဟာ အိမ်ကြီးထဲကိုပြန်ဝင်လာခဲ့တယ် မနက်စောစောထထားရတဲ့ကလေးငယ်ဟာ တရေးတမောအိပ်သွားလေရဲ့
ဖြူစင်ကာချစ်ဖို့ကောင်းတဲ့ pandoraသခင်ကြီးတို့ရဲ့ကလေးဟာ လူတိုင်းရဲ့အချစ်ကိုပိုင်ထားတယ်လေ အထူးသအဖြင့် အစေခံတွေရဲ့ချစ်ခြင်းတွေကိုပေါ့
နေ့ခင်းတရေးနိုးလာတော့ နို့ပူပူလေးကို ဘီစကွတ်လေးတွေ
စိမ်စားနေတဲ့ကလေးငယ် ဖြူဖွေးလှတဲ့ခြေလက်လေးတွေ တလှုပ်လှုပ် လေးကနို့ထိန်းမိခင်ကလဲတပြုံးပြုံး"မကောင်းတော့ဘူး!!!!" ဂိတ်စောင့်ရဲ့အော်ဟစ်သံက အိမ်တော်ကြီးမှာပဲ့တင်ရိုက်သွားတယ်
လန့်သွားတဲ့ကလေးငယ်ကို နို့ထိန်းမိခင်ကောက်ချီချော့လိုက်တယ် ဘဏ္ဍာထိန်းက ဂိတ်စောင့်ကိုမေးတယ်
"အလန့်တကြားဘာဖြစ်နေတာလဲ"
"သ သခင်ကြီးနဲ့သခင်မကြီးတို့ လုပ်လုပ်ကြံခံရပြီး သေပြီတဲ့
မြို့ရဲအုပ်တွေသတင်းလာပေးလို့""ဟာ ဘယ်လို အို" အာမေဍိတ်သံတွေဆူညံကုန်တယ်
နို့ထိန်းမိခင်က ကလေးငယ်ကိုတင်းတင်းပွေ့ဖက်ရင်း အသံတိတ်ငိုကြွေးရှာတယ် ကလေးငယ်လေးရဲ့လက်က ဘီစကွတ်လေးဟာ အောက်ကျပြီး တစစီပဲ့ကျေသွားတယ်
ကလေးငယ်လေးဟာ ငိုမဲ့မဲ့နဲ့အမည်တခုကို မရေမရာခေါ်လာတယ်"Mama Dada"တဲ့
အစေခံတွေလဲယူကြုံးမရ ဆောက်တည်ရာမဲ့နေတုန်း ဘဏ္ဍာထိန်းရဲ့အကြည့်က နို့ထိန်းမိခင်ပေါ်ကျရောက်လာခဲ့တယ်

YOU ARE READING
How dare you
ActionMy daddy have a gun. How dare you touch me??? haha daddyနဲ့တိုင်လိုက်ရမလား daddyမလာခင်ပြေးမလား "hello daddyခဏလောက်လာပါဦး" -- taste it --