Part 1

720 36 0
                                    

                    ​ကျောင်းလည်းပြန်ဖွင့်​လေပြီ ။ တက္ကသိုလ်ကိုပထမဆုံး​ရောက်တဲ့​ကောင်​လေးဖို့​တော့သူငယ်ချင်းလည်းမရှိသလို့ သိတဲ့သူလည်းမရှိသည့်သူ့အတွက်​တော့စိတ်​လေးမိသည် ။သူငယ်ချင်းမရှိတာထင်သူငယ်ချင်းမထားသည်ဆို​​သောစကားလုံးကသူ့အတွက်ပိုသင့်တော်လိမ့်မည်။
"ဟင်းးးတက္ကသိုလ်ပထမဆုံးတက်ရတဲ့​နေ့မှာငါဘယ်လိုများနှစ်ပါးသွားရမလဲမသိဘူးးးးး"
        ဟု​တွေး​နေလိုက်တာ​ကျောင်းကို​ရောက်သည်အထိ။​ကျောင်း​ရောက်လို့driverကားရပ်လိုက်​တော့မှာအ​တွေးကမ္ဘာထဲကပြန်ထွက်မိသည်။ထိုအချိန်မှကားထဲကထွက်ပြီးdriverအားသွားလို့ရပြီဟူ​သောသ​ဘောနှင့်သာ​မေး​ငေါ့ပြလိုက်​လေသည်။တက္ကသိုလ်ဟူ​သော​​ကျောင်း​တော်ကြီးကိုတက်ရဖို့အိမ်မက်မက်ခဲ့ရတာအခု​​တော့လည်းဘာမှမထူးခြားပါလား။​
       ဒီအတိုင်းကျောင်းပါပဲလားဟုသက်ပြင်းတစ်ချက်ချလိုက်​လေသည်။​ကျောင်းထဲကို၀င်လိုက်သာ်နှင့်မိန်းက​လေးအချို့၏
"ဟယ်ဟိုမှာကြည့်စမ်း​ချောလိုက်တာfirst year ​လေးလားမသိဘူးငါတစ်ခါမှသူ့ကိုမ​တွေ့ဖူးဘူး​မောင်​လေး​ပေါ့ဟယ်"
    လို့​တီးတိုး​ပြော​နေသူအချို့နှင့်​
"​ချောလိုက်တာ ငါက​first yearဆိုတော့အရင်ဆုံးသူငယ်ချင်းသွားဖွဲ့ပြီးမှအဆင့်တက်ရမယ်😏"(အစစ်မအကြံပက်စက်🤣)
       ဟု​ပြော​နေသည်များသည်သူ့နားထဲတစ်စတစ်စ၀င်လာသည်။သို့​သော်ဂရုမစိုက်ကိုယ့်ဘာသာသွားစရာရှိတာကိုသာဆက်သွား​နေသည်။  ဟုတ်ပါတယ်jeon jungkookဆို​သောလူစားမှာအဲလိုပင်၊သူ့ကိုဘယ်​လောက်ချီးမွန်း​နေပါ​စေ ဘယ်​လောက်ကဲ့ရဲ့​ပြော​ဆို​နေပါ​စေသူမကြိုက်ရင်ဂရုမစိုက်တတ်တဲ့လူမျိူး။
       သူ​နေမယ့်အခန်းကိုလိုက်ရှာရင်း​တွေ့လိုက်ရသည်မှာ​​ကောင်​လေးတစ်​ယောက် နှုတ်ခမ်းဖူးဖူး​လေးများ၊အရပ်​လေးကသူများနဲ့ဆိုရင်5 '8"ဆို​သောအရပ်မှာရှည်​ပေမယ့်သူ့အတွက်​တော့​သေး​သေး​လေးပင် အဲဒါတင်ဘယ်ကမလဲဆံပင်ပန်း​ရောင်​လေးနှင့်တစ်ခါတစ်ခါသပ်တင်လိုက်လိုက်ရင်အသက်ရှုဖို့​တောင်​မေ့​လောက်​​အောင်ကိုလှပလွန်းလှသည်လှပတစ်ခုပဲတာလားဆို​တော့လည်းမဟုတ်ပြန်​တက္ကသိုလ်ကစီနီယာဆို​တော့မသိတဲ့သူ​တေလာ​မေးရင်​လည်းခန့်ခန့်ညားညား​​လေးရှိ​နေပြန်သည်ထို​ကောင်​လေး​ကျောင်းနံရံမှာ​ကြော်ငြာစာတေလိုက်ကပ်​နေတာကိုကြည့်​မိနေတာ
ကိုယ့်ကိုကိုယ်​တောင်ပြန်သတိမထားမိ​တော့တဲ့အထိပဲ။

Forever Together Where stories live. Discover now