Part-2

421 32 0
                                    

Jungkook အဲဒီ​နောက်ကိုယ့်အခန်းကိုသာရှာဖို့ထွက်လာခဲ့လိုက်​တော့တယ် ။ထွက်သာထွက်လာလိုက်ရတာစိတ်ကတစ်​ယောက်​သောသူကို​တွေး​နေတုန်းပြီး​တော့တစ်​ယောက်​သောသူခေါ်လိုက်တဲ့tae taeဆိုတာကြီးကလည်းစိတ်ထဲခု​နေ​သေးတယ်။'သူတို့ကအဲဒီ​လောက်​တောင်ရင်းနှီးတာလားနာမည်ကိုအဖျားစွတ်ပြီး​ခေါ်​ရ​အောင်​လေ။ထားပါ​တော့သူနဲ့ငါနဲ့ကာအ
မှမှမဆိုင်တာပဲ'jungkook​တွေး​နေတုန်းဆရာမလာပြီးဆို​သောအသံ​ကြောင့်​တွေး​နေတာကိုချက်ချင်းရပ်ပြီးအ​ရှေ့ကဆရာမကိုသာအာရုံစိုက်လိုက်​တော့တယ်။
ထို့​နောက်ဆရာမက "ကဲအခုကစပြီးမင်းတို့ကတက္ကသိုလ်​​ကျောင်းသားကြီးတေဖြစ်သွားကြပြီ​နော်။မင်းတို့ဘ၀ကိုမြှင့်တင်​အောင်မင်းတို့ကိုယ်မင်းတို့လုပ်နိုင်တဲ့အရွယ်​ရောက်လာပြီလို့ဆိုလိုတာပဲ ဆရာမဥပမာပြရမယ်ဆိုအခုတတိယနှစ်တက်​နေတဲ့park jiminကိုပဲပြရမှာပဲ"
Jungkookတစ်​ယောက်ပိုပြီးဆရာမ​ပြောတာကိုစိတ်၀င်စားသွားတယ် park jiminဆိုတဲ့လူက​တွေ့​တောင်မ​တွေ့ရပဲသူ့နာမည်​လေးကြားရရုံနဲ့တင်ဆွဲ​ဆောင်နိုင်​နေတာပဲ
"​အေးဆရာမ​ပြောမယ်park jiminဆိုတဲ့​ကောင်​လေးကမိဘ​တေမရှိကြ​တော့ဘူး။သူကသူ့မှာမိဘ​တေမရှိ​တော့ဘူးဆိုပြီးတစ်ခါမှစိတ်အားမငယ်ဖူးဘူး။​အေးအဲလိုစိတ်အားမငယ်ရ​အောင်လည်းသူကြိုးစားတယ်အရမ်းကြိုးစားတယ်။အဲဒါ​ကြောင့်မလို့လဲသူကအခုသူတို့​မေဂျာတစ်ခုလုံးမှာအ​တော်ဆုံးဖြစ်​နေတာ​ပေါ့။ စာတင်​တော်တာလားဆို​တော့လည်းမဟုတ်ပြန်ဘူးမာရသွန်အားကစားမှာလည်းအရမ်း​တော်တာကွယ့်"
"ကဲကဲဒါ​တေထားပါ​တော့ဆရာမကမင်းတို့အတုယူလို​အောင်​ပြောပြတာ။အခုကပထမဆုံး​နေ့ဆို​တော့​ပေါ့​ပေါ့ပါးပါးပဲသွားကြတာ​ပေါ့ ။အရင်ဆုံးကိုယ့်ကိုကိုယ်မိတ်ဆက်ကြရ​အောင်​နော်။ဆရာမကနာမည်​ခေါ်လိုက်ရင်stage​ပေါ်လာပြီးကိုယ့်အ​ကြောင်းကိုမိတ်ဆက်ဟုတ်ပြီလား"
အဲဒီလိုနဲ့မိတ်ဆက်လာလိုက်တာဆရာမကို jeon jungkook ဆိုတဲ့နာမည်လည်း​ခေါ်လိုက်​ရော​အခန်းထဲကလူ​တေအကုန်လုံး​ငေးကုန်ကြရတယ်။ တစ်ချို့​ကျောင်းသူ​တေဆို ထိန်းလို့သိမ်းလို့​တောင်မရကြ​တော့(🤣)
Jungkook stage​ပေါ်လည်း​ရောက်​တော့
"အာ​​ညော်စ​ရော ကျွန်​တော့်နာမည်က​တော့jeon jungkookပါ။ ကျွန်​တော်ကJ groupရဲ့တစ်ဦးတည်း​သောသားပါ။အားလုံးကို​ကျေးဇူးတင်ပါတယ်"
အားလုံးတိတ်ဆိတ်သွား​တော့တယ်'ဟမ်ဒါပဲလား🤨"ဟုအားလုံးက​တွေး​နေတုန်း
ဆရာမက"အားလုံးပဲလက်ခုပ်တီး​ပေးလိုက်ကြ​လေဘာ​ကြောင်​နေကြတာလဲ"လို့​ပြောလိုက်မှပဲလက်ခုပ်တီးကြတော့တယ်။
     Jungkookတစ်​နေ့လုံးစာလိုက်မလုပ်ပါ ဆရာမ​ပြောလိုက်သည်အ​ကြောင်းနှင့် မနက်က​တွေ့လိုက်သည့်hyung​သေး​သေး​လေးအ​ကြောင်းကိုသာတစ်​နေ့လုံးစဥ်းစား​နေမိ​တော့သည်။  ပြီး​တော့သူhyungအတွက်လည်းစိတ်မ​ကောင်းဖြစ်မိသည်။ဒါ​ပေမယ့်လည်းhyung​တော်လွန်းသည်မိဘမရှိ​တော့တာ​တောင်အားမငယ်ပဲအမြဲကြိုးစား​နေတယ်တဲ့လား/____________________________________________

Forever Together Where stories live. Discover now