မနက်စောစော အိပ်မောကျနေတုန်းနေရောင်ခြည်ကြောင့်မျက်နှာရှုံ့လိုက်မိသည်။ ကျစ်မေမေတို့ကတော့
အိပ်ယာစောစောလာမနှိုးမနဲ့ဆို၊ဂျောင်ဂု၏အတွေးတို့
မဆုံးသေးခင်မှာပင်
"သားလာထတော့ လာသွားကြိုရတော့မယ်"
ဂျောင်ဂုအမေ၏ပြောစကားကြောင့်ဂျောင်ဂုတစ်ယောက်ခေါင်းထောင်မိသွားသည်။
"ဘယ်သူ့ကိုသွားကြိုရမှာလဲမေမေရဲ့စောစောစီးစီးကို""ဒီနေ့သားကိုထိန်းမယ့်သူလာမှာအဲဒါသွားကြိုချေ"
// ဟမ်?ထိန်းမယ့်သူ?ဒီအရွယ်ကြီးကိုထိန်းမယ့်သူ?
မေမေကအခုငါ့ကိုထိန်းမယ့်သူလို့ပြောလိုက်တာလား။
ဒီအရွယ်ကြီးကိုလေ//
"မေမေသားက ကလေးမဟုတ်တော့ဘူးနော်။ကိုယ့်ကိုကိုယ်ထိန်းနိုင်တဲ့အရွယ်ရောက်နေပြီ""ဂျွန်ဂျောင်ဂု ငါကနင့်အမေပါ။နင့်ကိုနင့်အဖေမရှိတော့ကတည်းကမျက်နှာမငယ်ရအောင်ကျွေးမွေးစောင့်ရှောက်လာတာပါဟယ်။ငါကအခုအသက်လည်းကြီးပြီအလုပ်ကလည်းမအားတော့အရင်လိုနေရာတကာမဆုံးမနိုင်တော့ဘူး။
အဲဒါကြောင့်ထိန်းမယ့်သူခေါ်တာ၊ဒီနေ့ကစပြီးသူကဒီအိမ်မှာပဲနေပြီးနင့်ကိုငါ့အစားစောင့်ရှောက်ပေးလိမ့်မယ်။သွားအခုစွားရေချိုး အ၀တ်အစားလည်းပြီးသွားကြိုတော့။ရော့ဒီမှာသူ့ဖုန်းနံပါတ်ဖုန်းဆက်ပြီးဘယ်နေရာလာကြိုရမလဲမေးပြီးသွားတော့သွား။ပြီးရင်သူနဲ့အတူတူကျောင်းသွားရမယ်။ အေးငါအခုပြောတဲ့စကားတွေကိုတစ်ခွန်းမကျန်နားထောင်နော်၊မဟုတ်ရင်တော့မုန့်ဖိုးဖြတ်ပြစ်မယ်။""ဟုတ်"
တစ်ရပ်စပ်ပြောနိုင်လွန်းသောအမေဖြစ်သူအားကြည့်ပြီးဂျောင်ဂုတစ်ယောက်ဟုတ်ဟုသာမျက်နှာငယ်လေးဖြင့်ဖြေလိုက်ရတော့သည်။မဟုတ်ရင်သူ့ကိုမုန့်ဖိုးဖြတ်မည့်အဖြစ်သို့ရောက်သွားလိမ့်မည်။
_______________________"ဟယ်လို ဟုတ်ကဲ့အမိန့်ရှိပါ"
" "
YOU ARE READING
Forever Together
Fanfictionဘ၀မှာအချစ်၂ခုတစ်ပြိုက်နက်ရောက်လာတဲ့အချိန်အရေးအကြီးဆုံးက သူချစ်ကိုရွေးမလား။ ကိုယ်ချစ်ကိုရွေးမလား။။