"jimin ကြာလှပြီ!!!နေခဲ့တော့!!!"
ဧည့်ခန်း စတီခုံအလယ်တည့်တည့် ထိုင်ကာ
မျက်နှာထားခပ်တင်းတင်းဖြင့် အပေါ်မှပြင်ဆင်မပြီး
သည့်လူကိုအော်ခေါ်နေသော jungkookပုံသည်
တစ်မျိုးစွဲမက်ချင်စရာ..jungkookတကယ်စိတ်မရှည်တော့ပါ..စောင့်နေတာ
နာရီဝက်ကျော်နေပြီ..လုပ်နေတာမပြီးတော့။"လာပြီ!!လာပြီ!!တကယ်ပါပဲ ခနလောက်စောင့်လိုက်တော့ဘာဖြစ်မှာမလို့လဲ"
ပြောပြောဆိုဆိုဖြင့် လှေကားမှဆင်းလာသူဆီ
အကြည့်ရောက်မိသွားသည်။//တကယ်ရော ဒါပထမဆုံးpartyသွားဖူးတာဟုတ်ရဲ့လား..
ခင်ဗျားကိုတော့ စတွေ့တည်းက ခနခနငေးနေမိတော့တာပဲ//T shirtအဆင်းလေးကိုမှ ရင်ဘတ်လောက်နားထိဟိုက်နေသည်ကို လည်ပင်းပေါ်မှ လည်စည်းလေးက အနည်းငယ်ကာပေးထားသည် အနည်းငယ်သာ..ဂျင်းပြာဘောင်းဘီ
နှင့် အပေါ်မှ coatမီးခိုးလေးကို ယှဥ်တွဲဝတ်ဆင်ထားသူသည် မိမိုက်နေသည်မှာငြင်းမရ..
ကြည့်လိုက်တော့မှ ဆံပင်သည်လည်း ခါတိုင်းလို
နဖူးပေါ်ဝဲမကျနေ..အလယ်ခွဲထားသည်..
သေချာသည်..မြင်သူတိုင်း လည်ပြန်ငေးသွားစေလောက်
သည့်ဆွဲဆောင်မှုမျိုး..။" သွားမယ်လေ..မင်းပဲကြာလို့ဆို"
လှေကားရင်းမှ လှမ်းပြောလိုက်သော်လည်း
ကြားသည့်ဟန်မပေါ် ။ ထို့ကြောင့် အနီးနားသို့လျှောက်
သွားလိုက်ပြီး အော်လိုက်သည်။"JEON JUNGKOOK!!!"
"အာ..ဘာလဲ..ဘာလဲ..အော်လိုက်တာ..တကယ်ပဲ"
"မင်းပဲ ငါပြောနေတာမကြားဘူးမလား..အော်တာကိုလာပြောနေတယ်"
jungkookစိတ်ပျက်မိသွားသည်။
ဝတ်ထားတာလေးတွေနဲ့မှမလိုက် အော်လိုက်တာ..
နားကိုစူးခနဲ..
ခုနတုန်းက ချီးကျူးမိခဲ့တာတွေပြန်ရုတ်သိမ်းတယ်။//jimin ခင်ဗျားက အာပြဲစိန်//
"အာပြဲစိန်..အယ်"
jungkook စိတ်ထဲမှာပြောနေသည့်ဟာကို
အပြင်မှာပါယောင်ထွက်မိသွားသည်။
သွားပါပြီဟ ပွားတော့မှာ တစ်လမ်းလုံး..။
YOU ARE READING
Forever Together
Fanfictionဘ၀မှာအချစ်၂ခုတစ်ပြိုက်နက်ရောက်လာတဲ့အချိန်အရေးအကြီးဆုံးက သူချစ်ကိုရွေးမလား။ ကိုယ်ချစ်ကိုရွေးမလား။။