Part 6

279 26 13
                                    

ဂျောင်ကုတို့ အိမ်ရောက်တော့ ဂျီမင်အတော့်ကို
အံ့သြမိသည်။ဒီကောင်လေးချမ်းသာမယ်မှန်းသိပေမယ့်
ဒီလောက်ထိတော့မထင်ခဲ့ ။ အခုလို တစ်သက်လုံး
ဘာမှမလုပ်ပဲထိုင်စားရင်တောင် သုံးမကုန်ဖြုန်းမကုန်
သည့်ပုံ။ အင်းးး သူ့အမေကလည်း စီးပွားရေးအကွက်
မြင်သကိုးး။

ဂျီမင် အတိတ်တွေကို အတိတ်မှာပဲထားခဲ့ချင်သည်။
ပစ္စုပ္ပန်ထိသယ်လာပြီး အာဏာတတွေမထားချင်။
ငြိမ်းငြိမ်းချမ်းချမ်းလေးပဲနေချင်သည်။
အဲဒါကြောင့်လည်း သူအမှုမတိုင်ခဲ့တာပေါ့ ။
အကြွေးတွေလိုက်တောင်းတာကိုလည်း ပြေပြေလည်လည်
နဲ့ပေးခဲ့တာပေါ့ ၊တကယ်ဆို ဂျီမင် မပေးချင်လည်းရတယ်။
တရားရုံးသွားတိုင်တောင် ဂျောင်ကုအမေအမှုပတ်ခံရမည်
မှာမလွဲ။ သို့ပေမယ့်သူမလုပ်ခဲ့ ၊ လုပ်ချင်စိတ်လည်းမရှိတော့ပေ။

"ဒီမှာ ခင်ဗျား မဆင်းတော့ဘူးလား ။ "

"အော် ဟုတ်သားပဲ ။ ဆင်းမယ် ဆင်းမယ် "

ဂျီမင်တွေးနေတာ အတော်ကြာသွားဟန်တူသည် ။
ကောင်လေးလာ ပြောမှ အသိစိတ်ကပ်တော့သည်။

ဂျောင်ကု အိမ်ပေါက်၀ရောက်သည်မှစ၍ အိမ်ထဲကို
ကြည့်ငေးနေသည်မှာ အတော်နှင့်မဆင်း ခြံတံခါးလာဖွင့်ပေးသည့် ဂိတ်စောင့်ဦးလေးကြီးသည်လည်း သူတို့ကား၀င်လာမှာကို​ေစောင့်နေသည်မှာ အတော်ကြာပြီဖြစ်သောကြောင့်ခေါ်လိုက်တော့သည်။ မဟုတ်ရင်ဘယ်အချိန်ထိ
ငေးနေဦးမည်မသိ ။

ခြံအဝကနေအိမ်ထိရောက်ဖို့ကို တော်တော်လျှောက်ရသည်။

"အဒေါ်ကြီး သူ့ဆီကအထုပ်တွေယူပြီး ကျွန်တော့် ဘေးကအခန်းလွတ်တယ်မလား ။ အဲဒီအခန်းကိုပေးလိုက်ပါ"

"ဒါပေမယ့် သခင်မကြီးပြောသွားတာ ....."

"ဒါကျွန်တော့် အမိန်ပဲ ။ မလုပ်ချင်ရင် အ လုပ် ထွက်
ကြားလား ကျွန်တော်ပြောတာ!!!"

အလုပ်ထွက်ဟူသော စကားစုကို ဖိပြောလိုက်သောကြောင့် အိမ်တော်ထိန်းအဒေါ်ကြီးကြောက်လန့် သွားသည်။
ပုံမှန်အချိန်တောင် မာနတစ်ခဲသား နှင့် တည်တည်တံ့တံ့ နေတတ်သော သခင်လေးကို သူကြောက်ပါသည်။
အခုအော်လိုက်တော့ ပြောမနေနှင့်တော့ ၊ အမိန့်အတိုင်းသာလုပ်ဆောင်ရတော့မည်။

Forever Together Where stories live. Discover now